For Zawgyi~
ချန်ရှကို ရွေးချယ်လိုက်ပြီလား?!
Act 7က ပြီးဆုံးသွားပြီဆိုပေမဲ့ ပရိတ်သတ်တွေကတော့
ဇာတ်လမ်းထဲကနေ ချက်ချင်းရုန်းမထွက်နိုင်သေးပေ။
ချန်ရှ ငိုသွားတာက အရမ်းကိုစစ်မှန်လွန်း၏။ဒီလိုမျိုး
ဝမ်းနည်းတကြီးငိုကြွေးတာက အော်ဟစ်တာထက်ပိုပြီး
သက်ရောက်မှု ပိုများလေသည်။ကျိုယန်ကတော့
အခန်းထောင့်မှာရပ်နေရင်း မျက်ရည်ဝဲလျက်သား။
အခုသရုပ်ဆောင်သွားခဲ့တဲ့လူငယ်လေးက
လူသစ်တစ်ယောက်ဆိုတာ သူ(မ)မယုံနိုင်သေးချေ!တစ်ပတ်တာ အနီးကပ်သင်တန်းက သူ့ကို ဒီလိုကြီးမားတဲ့
တိုးတက်မှုဖြစ်လာအောင် လုပ်ပေးလိုက်တယ်ပေါ့?
ဖြစ်နိုင်တာက အများပြောကြတဲ့ ^နားလည်နိုင်စွမ်း^နဲ့
^အရည်အချင်း^ပဲ ဖြစ်ပေမည်။တူညီတဲ့လေ့ကျင့်ရေး
သင်တန်းဖြစ်ပေမဲ့လို့ ချန်ရှကတော့ ချက်ချင်းဆိုသလို
နားလည်သဘောပေါက်ပြီး တခြားလူသစ်တွေထက်ကို
ပိုကောင်းအောင် လက်တွေ့အသုံးချနိုင်ခဲ့၏။ကျိုယန်တစ်ယောက် အသက်ပြင်းပြင်းရှုသွင်းရင်း
အခန်းအလယ်ရှိ လူငယ်လေးကို စိတ်ရှုပ်ထွေးစွာ
စိုက်ကြည့်နေမိတော့သည်။ချန်ရှက ဇာတ်လမ်းထဲကနေ ရုန်းမထွက်နိုင်ခင်
တဒင်္ဂလောက် အချိန်ယူလိုက်ပြီး..သည့်နောက်မှ
ဒါရိုက်တာကျူးကို ဦးညွှတ်လိုက်၏။"ကျွန်တော့်
တင်ဆက်မှုပြီးသွားပါပြီ။ရှဲ့ရှဲ့ လောင်ရှီး"ကျူးကျန်းမှာ ဘာပြောရမလဲမသိပေ။ဒီလူငယ်လေးက
သရုပ်ဆောင်တဲ့ထဲ အရမ်းနစ်မြောသွားခဲ့တာကြောင့်
သူပင် ဆွဲဆောင်ခံလိုက်ရသည်လေ။ရိုက်ကွင်းမှာ
ပြင်ဆင်ထားတဲ့အသုံးအဆောင်တွေမပါဘဲ ဒီအဆင့်ကို
သရုပ်ဆောင်ဖို့ မလွယ်ကူလှချေ..ဒီလူငယ်လေးက
လူသစ်တစ်ယောက်ဆိုတာကို ပြောနေစရာတောင်မလို။
အရာအားလုံးက စပြီးသရုပ်ဆောင်လိုက်တည်းက သူ့ရဲ့
အသေးစိတ်ကျတဲ့ပုံဖော်မှုတွေနဲ့ ကူးစက်စေတဲ့ငိုကြွေးမှု၊
နောက်ဆုံး အတင်းအကြပ်ဖိနှိပ်ထားတဲ့ ခံစားချက်တွေရဲ့
တုန်လှုပ်မှုအထိ အံ့အားသင့်စရာကောင်းလွန်းချေသည်။
![](https://img.wattpad.com/cover/261728404-288-k892421.jpg)
YOU ARE READING
Accidental Mark {Myanmar Translation}
RomanceAuthor-Die Zhiling Type-Web Novel(CN) Associated Name-意外标记 Total Chapter-95 Chapters Original Publisher-jjwxc >>This novel is not mine. All credits to original author and english translators! If you want to read this, you can read at novel update! [...