Chapter-19

5.2K 882 27
                                    

For Zawgyi~

လမ်းရဲ့​တစ်​ဖက်​တစ်​ချပ်​စီမှာ
တစ်​​ယောက်​နဲ့တစ်​​ယောက်​ အ​နှောင့်​အယှက်​မ​ပေးဘဲ
အလုပ်​ကြိုးစား​နေ​လေရဲ့

ဖေး​ရှောက်​ဇီ ထွက်​ခွာသွားတဲ့​နောက်​ပိုင်း...
အဖွဲ့သား​တွေမှာလည်း ​နေ့လည်​ပိုင်းရိုက်​ကူး​ရေးဆက်​ဖို့ရာ လုံလုံ​လောက်​​လောက်​ အားဖြည့်​ပြီးသွား​ချေပြီ။

ဒါရိုက်​တာကျန်​ရဲ့လိုအပ်​မှု​တွေက အလွန်​မြင့်​မား​လေသည်။
ချန်​ရှမှာ ​မွန်းလွှဲပိုင်းတစ်​ခုလုံး နားချိန်​မရခဲ့​ပေ။
ကံ​အား​လျော်​စွာပဲ..သူ့အ​နေနဲ့ ရိုက်​ကူး​ရေးက​နေ
ဗဟုသုတအများအပြား သင်​ယူလိုက်​ရ၏။
အထူးသဖြင့်​..ဒါရိုက်​တာကျန်​ ​ပြော​နေကျဖြစ်​တဲ့
'ခံစားသက်​ဝင်​မှု'ဆိုသည်​ကိုပင်​။သူ့မှာ အစပိုင်းက
ထိုအချက်​ကို ဘယ်​လိုဖမ်းဆုပ်​ရမလဲ မသိခဲ့​ပေမဲ့..
အကြိမ်​အနည်းငယ်​​လောက်​ ကိုယ်​,ကိုယ်​​တိုင်
ကြိုးစားပြီး​နောက်​မှာ..ချန်​ရှ ထိုခံစားချက်​ကို
တဖြည်းဖြည်း ရှာ​တွေ့သွားခဲ့​တော့သည်​။ချန်ရှမှာ
ရိုက်​ကူး​နေရင်း သင်​ယူခဲ့တာဖြစ်​​လေပြီး..​.သူ့အ​နေနဲ့
ခြေကုန်​လက်​ပန်းကျ​နေ​ပေမဲ့ နှလုံးသား​ထဲမှာ​တော့
ကျေနပ်​​နေမှုကို သိသိသာသာခံစား​နေရသည်​ပင်​။

သူ တိုက်​ခန်းကို ပြန်​​ရောက်​တာနဲ့ ​ရေချိုးသန့်​စင်​လိုက်​၏။
အဲ့ဒီ​နောက်​ သူအိပ်​ရာကို မှီကာ ကျဲကျီရဲ့မူရင်းဝတ္ထုကို
ဖတ်​ဖို့ စတင်​လိုက်​​တော့သည်​။

သူ ဖတ်​​နေတုန်း ရုတ်​တရက်​ WeChatမှာ စာတစ်​​စောင်
ရောက်​လာခဲ့၏။အဲ့ဒါက ​ဖေး​ရှောက်​ဇီဆီကပင်​။
/​D-102, လုံဟူ ​ဗီလာ, ပင်း​ကျောင်းခရိုင်​, ရုန်​-ချန်..။
ဖုန်း : 1897463XXXX...အင်္ကျီကို ဒီလိပ်​စာအတိုင်း
ပို့လိုက်​ရုံပဲ/

ချန်​ရှ မှတ်​စုကိုဖွင့်​လိုက်​ပြီး ​ဖေး​ရှောက်​ဇီရဲ့ လိပ်​စာနဲ့
ဖုန်းနံပါတ်​ကို မှတ်​ထားလိုက်​၏။အဲ့ဒီ​နောက်​ သူ
စာပြန်​လိုက်​သည်​။/President​ဖေး..အင်္ကျီက
ကျွန်​​တော့်​ မိဘ​တွေအိမ်​မှာ...ကျွန်​​တော်​ပြန်​​​ရောက်​မှ
ခင်​​ဗျားဆီကို ပို့လိုက်​ပါ့မယ်​/

Accidental Mark {Myanmar Translation}Tempat cerita menjadi hidup. Temukan sekarang