Chapter-32

4.8K 867 90
                                    

For Zawgyi~

လက်​​ကလေး​ကိုအမှတ်​တမဲ့နဲ့....

"​ကြွ​ရောက်​လာ​ပေးကြတဲ့လူကြီးမင်းများအားလုံးပဲ
ကောင်း​သောနံနက်​ခင်း​လေးပါ။ဒီ​နေ့က လူနာ(လ)အစရဲ့
၇ရက်​​မြောက်​​နေ့တဖြစ်လည်း​​​ ဖေ​ဖော်​ဝါရီလ ၁၇ရက်​​နေ့
ဖြစ်​ပါတယ်​။ကျွန်​​တော်​တို့ ဒီ​နေ့ဒီ​နေရာမှာရှိ​နေရတာက
'ကျဲကျီ'အွန်​လိုင်းဒရမ်​မာကို မိတ်​ဆက်​​ပေးတဲ့ပွဲ​လေး
ကျင်းပဖို့ပါပဲ"

ဖေး​ရှောက်​ဇီရဲ့အသံက မိုက်​ခရိုဖုန်းက​နေတစ်​ဆင့်
ပျံ့နှံ့သွား​​ချေ၏။ပွဲကျင်းပရာ​နေရာက တိတ်​ဆိတ်​​နေပြီး..
သူ့အသံကသာ ရှင်းလင်းပြတ်​သားစွာ ပျံ့လွင့်​​နေလျက်​။

"'ကျဲကျီ'က​​ ထျန်​ရွှမ်း Groupက​နေ ရင်းနှီးမြှုပ်​နှံထားတဲ့
ကျောင်းတွင်း​အွန်​လိုင်းဒရမ်​မာတစ်​ခုဖြစ်ပြီး​​တော့ ဒီထဲမှာ..
ကျွန်​​တော်​က ထုတ်​လုပ်​သူအ​ဖြစ်တာဝန်​ယူထားပါတယ်​။
မူရင်းဝတ္ထုက ဆယ်​​ကျော်​သက်​​လေး​တွေရဲ့ အထက်​တန်း
ကျောင်းသား​ဘဝကို တစ်​စိတ်​တစ်​​ဒေသ​​ဖော်​ကြူးထားတာ
ဖြစ်​ပြီး​..လူမှုကွန်​ရက်​​ပေါ်မှာ သူ့ရဲ့​အောင်​မြင်​မှုကလည်း
မြင့်​မားပြီးသားပါ..."

"'ကျဲကျီ'မှာ ရင်းနှီးမြှုပ်​နှံတာက အွန်​လိုင်းဒရမ်​မာ
ဈေးကွက်​ကို ထိုး​ဖောက်​ဝင်ေ​ရာက်​ဖို့ ကျွန်ေ​တ်ာတို့
ထျန်​ရွှမ်း Groupအတွက်​ စမ်းသပ်​မှုတစ်​ခုပါပဲ။
ဒါရိုက်​တာလျိုရွှယ်​ယိ၊ ဇာတ်​ညွှန်း​ရေးဆရာရွှီ​မော့ရန်​နဲ့
မူရင်းစာ​ရေးသူစပါးလင်​​လေးတို့ကိုရိုက်ကူးေ​ရးမှာပါဝင်ဖို့ 
ဖိတ်​​ခေါ်ခွင့်​ရတာ ကျွန်​​တော့်​အ​နေနဲ့ ဂုဏ်​ယူမိပါတယ်​။
ရိုက်​ကူးေ​​ရးလုပ်ေ​နစဉ်​မှာလည်း အ​ကောင်းဆုံးဖြစ်​​အောင်
ကြိုးစားသွားပါ့မယ်​။အရည်​အချင်းမရှိတဲ့ထုတ်​လုပ်​​ရေး
တစ်​ခုကို ကျွန်​​တော်​တို့လက်​သင့်​မခံပါဘူး။အစစ်မှန်​ဆုံးနဲ့
အလှပဆုံး​ကျောင်းသား​ဘဝရက်​​စွဲတွေကို လူတိုင်းဆီ
ခေါ်​ဆောင်​လာ​ပေးနိုင်​မဲ့ အရည်​အ​သွေးမြင့်​မားတဲ့
အွန်​လိုင်းဒရမ်​မာတစ်​ခုကိုပုံ​ဖော်​ရိုက်​ကူးနိုင်​​အောင်
ကြိုးစားသွားမှာပါ...."

Accidental Mark {Myanmar Translation}Onde histórias criam vida. Descubra agora