For Zawgyi~
နောက်ကွယ်ရှိလူအားဖော်ထုတ်ခြင်း(၁)
ချင်ယွိ အခန်းထဲကို ဆေးတွန်းလှည်း တွန်းလာပြီး
ချန်ရှဘေးမှာ ရပ်လိုက်၏။"ရှောက်ဇီ..ငါ ချန်ရှကို
ပတ်တီးလဲပေးမလို့"ဖေးရှောက်ဇီ ချန်ရှလက်လေးကို
ချက်ချင်းလွှတ်ပေးပြီး..စိုးရိမ်တဲ့အမူအရာနဲ့ ချန်ရှကို
ငေးကြည့်ရင်း ထ,ရပ်လိုက်ချေသည်။ချန်ရှ ခေါင်းမော့ကာ ချင်ယွိကို ပြုံးပြလာလေသည်။
မတိုင်ခင်ကလောက် ကသိကအောက်ဖြစ်မနေတော့။
ချင်ယွိအနေနဲ့ လူငယ်လေးရဲ့ ကြည်ကြည်လင်လင်
မျက်ဝန်းတစ်စုံကို မြင်နေရ၏။သူ ပိုပြီးကြည့်မိလေ..
ဒီလူသားလေးကို ပိုပြီးနှစ်သက်လာလေပင်။သူ ချန်ရှရဲ့
ဒဏ်ရာကိုပိုးသတ်ဖို့ ပိုးသတ်ပြီးသား ဂွမ်းစတစ်စကို
ယူလိုက်ပြီး။သန့်ရှင်းတဲ့ပိတ်ကျဲကို ဒဏ်ရာပေါ်တင်ရင်း
ချန်ရှကို နွေးနွေးထွေးထွေး နှစ်သိမ့်လာ၏။"စိတ်မပူနဲ့။
မင်းရဲ့ဒဏ်ရာက မနက်ဘူး။အရေပြားဒဏ်ရာအတွက်
ကျွန်တော် ထူးခြားတဲ့ချုပ်ရိုးတွေ သုံးပေးထားခဲ့တာ။
အနာကျက်သွားရင် သိပ်ပြီးသိသာတဲ့ အမာရွတ်တွေ
ကျန်မှာမဟုတ်တော့ဘူး"ချန်ရှကတော့ 'အမာရွတ်ကျန်'တဲ့ကိစ္စကို ဂရုမစိုက်ပေ။
နွေရာသီမှာ သူ လက်တိုအင်္ကျီတွေ ဝတ်ရင်တောင်မှပဲ
ညှပ်ရိုးအောက်နားက ဒဏ်ရာကို မြင်နိုင်မည်မဟုတ်ချေ။
Betaဆရာဝန်ရဲ့ နွေးထွေးတဲ့သဘောထားက ချန်ရှကို
ပိုလို့ပင် စိတ်အေးလက်အေး ဖြစ်သွားစေလေသည်။
သူခေါင်းမော့ကာ တစ်ဖက်လူကို ရိုးရိုးသားသားပင်
ပြောလိုက်၏။"ကျေးဇူးတင်ပါတယ် ဒေါက်တာချင်။
ဒီအချိန်ကြီး ကျွန်တော် ခင်ဗျားကိုအလုပ်ရှုပ်စေမိပြီ"ယဉ်ကျေးမှုရှိပြီး ဥာဏ်ကောင်းတဲ့ Omegaတစ်ဦးက
လူတွေကို ကောင်းမွန်တဲ့ခံစားချက်ဖြစ်စေသည်သာ။
ချန်ရှအပေါ် ချင်ယွိရဲ့နှစ်သက်မှုက မြင့်တက်သွားကာ
ဖေးရှောက်ဇီအတွက် တွဲဖက်ကောင်းတစ်ဦးလို့ပင်
ခံစားလိုက်ရချေသည်။ဖေးရှောက်ဇီ အခုနောက်ပိုင်း
ပြောင်းလဲသွားပြီး အလုပ်အပေါ် လေးလေးနက်နက်
ဖြစ်နေတာက..ချန်ရှ သူ့ကို လွှမ်းမိုးသွားလို့များလား?
သေချာတာက..မှန်ကန်တဲ့လူနဲ့သာဆုံတွေ့ခဲ့မယ်ဆိုရင်
အပျော်အပါးမက်တဲ့သခင်လေးက ရွက်သစ်လေးလို
ပြောင်းလဲသွားနိုင်ပြီး..အသုံးအစွဲကြီးတဲ့သားတော်က
နောက်ပြန်လှည့်သွားပေလိမ့်မည်။
YOU ARE READING
Accidental Mark {Myanmar Translation}
RomanceAuthor-Die Zhiling Type-Web Novel(CN) Associated Name-意外标记 Total Chapter-95 Chapters Original Publisher-jjwxc >>This novel is not mine. All credits to original author and english translators! If you want to read this, you can read at novel update! [...