For Zawgyi~
သရုပ်ဆောင်ရွေးပွဲ(၂)
ဖေဖော်ဝါရီ ၂ရက်နေ့မှာ..ထျန်ရွှမ်းအုပ်စုက 'ကျဲကျီ'
ရိုက်ကူးရေး ပရောဂျက်ကို တရားဝင် ကြေညာလိုက်၏။သတင်းထုတ်ပြန်ရေးဌာနက 'ကျဲကျီ သရုပ်ဆောင်များနှင့်
အဖွဲ့သားများ'ဆိုတဲ့ တရားဝင်Weiboကို ဖန်တီးလိုက်ပြီး..
လူရွေးပွဲကျင်းပချိန်နဲ့ အရေးပါတဲ့ဇာတ်ကောင်နေရာတွေကို
ကြေညာလိုက်လေသည်။တစ်ဆက်တည်း..အခြား
သရုပ်ဆောင်တွေအတွက် လူသစ်ခေါ်ယူတဲ့ကြေညာစာပါ
ထုတ်ပြန်လိုက်တော့၏။မနက်စောစောလောက်မှာ..ချန်ရှ Weiboကြည့်ဖို့ ဖုန်း
ဖွင့်လိုက်ပြီးတဲ့နောက်...သူ့ရဲ့ပင်မစာမျက်နှာမှာ...
'ကျဲကျီ သရုပ်ဆောင်များနှင့် အဖွဲ့သားများ'ဆိုတဲ့
ကြေညာချက်ကို တွေ့လိုက်ရသည်။လူကြိုက်အများဆုံး
တစ်ခုကတော့ စာရေးသူ စပါးလင်လေး(Lemongrass)
တစ်ဆင့်ပြန်တင်ထားတဲ့ ပို့စ်ပင်ဖြစ်သည်။စာရေးသူ စပါးလင်လေးက.. လတ်တလော နှစ်တွေမှာ
ပေါ်ထွက်လာတဲ့ အမြင့်ကိုတက်လှမ်းနေတဲ့ စာရေးသူ
အသစ်ကလေး ဖြစ်သည်။သူမက ပင်ကိုယ်အားဖြင့်
ကျော်ကြားမနေပေမဲ့လည်း..သူမရဲ့ပုံစံက တက်ကြွပြီး
နွေးထွေး၏။သူမက ဇာတ်ကောင်ရဲ့စိတ်ပိုင်းဆိုင်ရာကို
ပုံဖော်တဲ့နေရာမှာ အရမ်းကောင်းမွန်ပြီး ဖန်အရေအတွက်
အတည်တကျရှိထား၏။သတင်းထုတ်ပြန်ရေးဌာနက
သူမကို ဆက်သွယ်တဲ့အခါ..သိသိသာသာပဲ သူမဘက်က
ပူးပေါင်းဖို့ သဘောတူလာခဲ့သည်လေ။အဲ့ဒါကြောင့်ပဲ..
သူမက တရားဝင်ရိုက်ကူးတော့မဲ့ 'ကျဲကျီ'ရဲ့ သတင်းကို
တစ်ဆင့်ပြန်မျှဝေထားတာပင်။ဒီပို့စ်အောက်မှာ..မှတ်ချက်များစွာရှိလာတော့၏။
-သူတို့အားလုံး ဆူညံပူညံ ပြောဆိုနေကြလေသည်။
/ဘုရားရေ..ငါ့မိသားစုကတော့ ပျက်စီးတော့မှာပဲ!/
/ငါ့ရင်ထဲက ချင်နျန်ကို ဘယ်သူမှ သရုပ်မဆောင်နိုင်ဘူး။
ကျေးဇူးပြုပြီး ငါ့ချင်နျန်လေးကို မဖျက်ဆီးကြပါနဲ့!/
YOU ARE READING
Accidental Mark {Myanmar Translation}
RomanceAuthor-Die Zhiling Type-Web Novel(CN) Associated Name-意外标记 Total Chapter-95 Chapters Original Publisher-jjwxc >>This novel is not mine. All credits to original author and english translators! If you want to read this, you can read at novel update! [...