Chapter-56

4K 699 67
                                    

For Zawgyi~

နှုတ်​ဆက်​ပွဲနှင့်​အခွင့်​အလမ်းသစ်​များ

မေလ ၂၁ရက်​​နေ့မှာ​တော့ ​ဖေး​ရှောက်​ဇီ ရိုက်​ကွင်းကို
ပြန်​​ရောက်​လာ၏။သူ​ရောက်​လာချိန်​ ​​ခပ်​လှမ်းလှမ်းက
ရင်းနှီး​နေတဲ့ ပုံရိပ်​​လေးကို တန်း​မြင်​လိုက်​​ရလေသည်​။
သူ ချန်​ရှဆီ သွားမလို့ ပြင်​​​လိုက်​တုန်းရှိ​သေး ၊ ချန်​ရှက
လှည့်​ကြည့်​လာ​ချေသည်​။လူငယ်​​လေးက ​တောက်​ပတဲ့
အပြုံး​လေး မပြုံးပြလာခင်​ မျက်​ဝန်းတစ်​စုံက ဝိုင်း​စက်​ ​သွားရှာ၏။ကြည်​လင်​ပြီး သက်​ဝင်​​တောက်​ပ​နေ​လေတဲ့
ထိုမျက်​ဝန်း​တစ်စုံ​ကား ကျယ်​​ပြောလှတဲ့ လူပင်​လယ်​ကို
ဖြတ်​​ကျော်​ပြီး ​ဖေး​ရှောက်​ဇီရဲ့နှလုံးသားထဲ စူးစိုက်​ကာ
ကြည့်​​နေ​လျက်​သား။

ဖေး​ရှောက်​ဇီရဲ့နှလုံးသားက ​နူးညံ့သွားရကာ ချန်​ရှဆီ
ချက်ချင်း ​ခြေလှမ်းကျဲကြီးနဲ့ သွားလိုက်​​လေ​တော့သည်​။

ချန်​ရှဘက်​က အရင်​စကား ဆိုလာ၏။"President​ဖေး
ခင်​​ဗျားပြန်​လာပြီ!"

ဖေး​ရှောက်​ဇီရဲ့မျက်​ဝန်းထဲ ​ကြင်​နာမှု​တို့ ရှိ​နေ​​ပေ၏။
"ကိုယ်​ကြားထားတာ ရိုက်​ကူး​ရေးက သတ်​မှတ်​ရက်​ထက်
စောပြီး ပြီးမယ်​ဆို?"

ချန်​ရှက ​ခေါင်းညိတ်​ရင်း။"ဟုတ်​တယ်​..အခုတ​လော
ရိုက်​ကူး​ရေးက အဆင်​​မ​ပြေတာမရှိသ​လောက်​ပဲ​ရယ်​။
အစက လကုန်​​လောက်​မှာ အပြီးသတ်​ဖို့ စီစဉ်​ထားတာ၊
ဒါ​ပေမဲ့ အလုပ်​က သတ်​မှတ်​ချိန်​ထက်​ တစ်​ပတ်​​စောပြီး
ပြီးသွားတယ်​​လေ"

ဒီနေ့ သူတို့​တွေ ဇာတ်​သိမ်းခန်း ရိုက်​ကူးဖို့သာရှိ​လေ၏။
ရိုက်​ကွင်းပြီးတာနဲ့ နှုတ်​ဆက်​ပွဲ ကျင်းပမှာ ဖြစ်​သည်​။
ဒါက ​ဖေး​ရှောက်​ဇီ အ​ပြေးပြန်​လာရဲ့အ​ကြောင်းအရင်း
ဆိုလည်း ဟုတ်​​ပေသည်​။ရိုက်​ကွင်းမှာရှိတဲ့ဝန်​ထမ်း​တွေ
အဆင်​သင့်​ဖြစ်​​နေကြပြီမို့ လက်​​ထောက်​ဒါရိုက်​တာက
လှမ်း​အော်​လို့လာ၏။"ချန်​ရှ စမယ်​!"

Accidental Mark {Myanmar Translation}Where stories live. Discover now