Chapter-27

4.4K 862 42
                                    

For Zawgyi~

ချန်​ရှရဲ့ဂရုစိုက်​မှု​လေး(၃)


လူနာနှစ်​ရဲ့​နောက်​ဆုံးလ (၂၉)ရက်​​မြောက်​​နေ့ ညမှာ..
ဖေး​ရှောက်​ဇီက ပင်း​ကျောင်း​ဗီလာထံ ပြန်​​ရောက်​လာ၏။
အိမ်​​တော်​ထိန်းက ​ချောပို့သမား​ရောက်​လာ​​သေးကြောင်း
သူ့ကို​ပြောပြလာခဲ့သည်​။သူက ချန်​ရှပို့​ပေးလာတဲ့အင်္ကျီပဲ
ထင်​ပြီး ​ပြောလိုက်​၏။"အဲ့ဒါကို ဧည့်​ခန်းထဲမှာ အရင်​ထား,ထားလိုက်​" 

ဗီလာအတွင်းမှာရှိတဲ့ အိမ်​​တော်​ဝန်​​ဆောင်​မှုက အလွန်
တာဝန်​​ကျေပွန်​ပါ၏။သူတို့က ပို့လာတဲ့ဘောက်​​လေးကို
အိမ်​ထဲကူသယ်​လာ​ပေးပြီး။ဖေး​ရှောက်​ဇီ ထိုဘူး​လေးကို
ဖွင့်​ကြည့်​ခါနီးမှာပဲ...သူ့ဖုန်းက မြည်​လာ​တော့သည်​။
ခေါ်ဆိုသူက ချင်​ယွိပင်​။

သူဖုန်း​လက်​ခံလိုက်​တာနဲ့..တက်​ကြွ​နေတဲ့အသံကို
တန်း ကြားလိုက်​ရ​​လေသည်​။"​ရှောက်​ဇီ..ငါကြားတာ
မင်းအခုတ​လော အလုပ်​ကြမ်းပိုးဖြစ်​​နေတယ်​ဆို...
တကယ်​ကြီးလားဟ?ငါ မင်းကို လန်​ယွမ်​မှာမ​တွေ့တာ
တော်​​တော်​ကြာ​နေပြီ။မင်းတကယ်​ပဲ သူ​ဌေး​ကောင်း​လေး
ဖြစ်​ချင်​နေပြီလား?"

လန်​ယွမ်​ကလပ်​က'​ဖေး​ရှောက်​ဇီ'သွား​နေကျ​နေရာပင်​။
သူနဲ့ သူ့သူငယ်​ချင်း​တွေ ထိုနေရာမှာ ညသန်း​ခေါင်​ထိ
မကြာခဏ ​သောက်​စား​နေ​ကြလိမ့်​မည်​သာ။စာအုပ်​ထဲ
ဝင်​​ရောက်​လာပြီးတဲ့​​နောက်​..ဖေး​ရှောက်​ဇီက သူ့ပုံစံကို
ပြောင်းလဲလိုက်​ပြီး..​နောက်​ထပ် ဘယ်​​တော့မှ လန်​ယွမ်
ကလပ်​ကို ​ခြေမချ​တော့​ပေ။

ဖေး​​ရှောက်​ဇီက​တော့ ဒီ​ခေါ်ဆိုမှုကိုမအံ့သြမိပါ​ချေ။
သူ့ရဲ့ပြောင်းလဲမှု​တွေက ဒီလူ​တွေရဲ့အာရုံစိုက်​မှုကို
ဆွဲ​ဆောင်​သွားတာက သဘာဝကျ​သည်​​သာ။
သူ့မှာ ​ဖေး​ရှောက်​ဇီရဲ့​နေရာအစားထိုးပြီးကတည်းက
သူ့ အတိတ်​ကသူငယ်​ချင်း​တွေကို အဆက်​အသွယ်
ဖြတ်​​တောက်​ဖို့ လုံးဝမဖြစ်​နိုင်​ခဲ့​ပေ။ထပ်​​ပြောရရင်​..
ချင်​ယွိရဲ့အစ်​ကို ချင်​ရုန်​က ရုန်​ဟွားရုပ်​ရှင်​နဲ့ရုပ်​သံလွှင့်
ဌာနရဲ့ လက်​ရှိPresidentဖြစ်​​နေ​လေပြီး။နိုင်​ငံထဲက
ရုပ်​ရှင်​ရုံတစ်​ဝက်​ကျော်​​လောက်​ကို ချုပ်​ကိုင်​ထားခဲ့၏။
ဒါက အနာဂတ်​မှာ ​ဖေး​ရှောက်​ဇီသာရုပ်​ရှင်​​လောကထဲ
ဝင်​​ရောက်​လာရင်​ အကူအညီဖြစ်​​စေလိမ့်​မည်​ပင်​။

Accidental Mark {Myanmar Translation}Tempat cerita menjadi hidup. Temukan sekarang