Chapter-72

1.3K 199 14
                                    

For Unicode~

ကျွန်​တော့်နှလုံးသားထဲမှာ ခင်ဗျားတစ်​ယောက်တည်း

ဖေး​ရှောက်ဇီ သူ့ကတ်ကိုသုံးကာ တံခါးဖွင့်လိုက်ပြီး
ပြတင်း​ပေါက်ရှိရာ ဦးတည်လိုက်၏။နံရံတစ်ခုလုံးကို
သိမ်းပိုက်ထားတဲ့ ပြင်သစ်(style)ပြတင်း​ချပ်​တွေမှာ
ပြာပန်းခတ်လှုပ်ရှား​နေသည့်ညရှုခင်းအားမြင်ရ​သော
ကျယ်ဝန်းသည့်မြင်ကွင်းတစ်ရပ်​​ကို ဖော်ကြူးလျက်။
အကွာအ​ဝေးတစ်ခုတွင်​တော့ လက်ရှိဟိုတယ်အမြင့်နဲ့
သိပ်မကွာသည့် တိုက်ခန်းအိမ်ရာတစ်လုံးရှိ​ချေသည်။
တိုက်ခန်းရဲ့​ဘေးပြတင်း​ပေါက်​တွေက ဟိုတယ်ထဲရှိ
ဧည့်တည်းခိုခန်း​တွေရဲ့ပြတင်း​ပေါက်​​တွေဘက်ကို
မျက်နှာချင်းဆိုင်ထား၏။အ​ဝေးပုံရိပ်ကိုဖမ်းယူနိုင်တဲ့
ကင်မရာ​တစ်လုံးသာရှိ​နေခဲ့ရင် ဟိုတယ်ခန်းထဲရှိ
ပုံရိပ်​တွေကို အပြည့်အဝရယူနိုင်မှာပင်။

ယာအန်အပြည်ပြည်ဆိုင်ရာဟိုတယ်က
ယာအန်ရုပ်ရှင်နဲ့ရုပ်သံစတူဒီယိုနှင့်ဆို အလွန်နီး၏။
နှစ်စဥ် ရိုက်ကူး​ရေးအဖွဲ့​ပေါင်းများစွာက ဒီ​နေရာမှာ
တည်းခိုကြသည်​​လေ။ဒါကြောင့် ပါပါရာဇီ​တွေက
အနီးအနားဝန်းကျင်မှာ မကြာခဏ​ချောင်း​မြောင်း
​နေတတ်ကြသည်သာ။​ဖေး​ရှောက်ဇီ လွန်ခဲ့တဲ့
နှစ်အနည်းငယ်က သတင်းတချို့ဖတ်ခဲ့ဖူး၏။
လွန်ခဲ့သည့်နှစ်နှစ်​တုန်းက ရိုက်ကူး​ရေးအဖွဲ့တစ်ဖွဲ့
ယခုဟိုတယ်မှာ မ​တော်တဆတစ်ခုဖြစ်ခဲ့ဖူး​ပေသည်။
(ဖြစ်ရပ်အစမှာ) Alphaတစ်​ယောက်မှာ ချစ်သူရှိ​နေပြီး
ထိုမိန်းက​လေးနဲ့လက်ထပ်ဖို့ရက်ပင်သတ်မှတ်ထားပြီး
ဖြစ်သည်။​သည့်နောက်ဝယ် သူနဲ့Omegaတစ်​ယောက်
ရိုက်ကူး​ရေးကာလအတွင်း အတူ​နေ​ဖြစ်ခဲ့သည်အား
ရိုက်ကူးခံလိုက်ရ၏။ဟိုတယ်မှာဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး
ပါပါရာဇီက ရိုက်ကူးခဲ့ခြင်းပင်။ဗီဒီယိုထွက်လာတဲ့အခါ
နှစ်​ယောက်လုံးလူမှုကွန်ရက်​ပေါ်မှာ ​ပြောဆိုခံခဲ့ရသည်။
သူလက်ထပ်မဲ့မိန်းက​လေးက အသိုင်းအဝိုင်းကြီးထဲက
ဖြစ်ပြီး နှစ်​ယောက်လုံးကို အနုပညာ​လောကထဲက​နေ
ကန်ထုတ်လိုက်​လေသည်။နှစ်​ယောက်စလုံးရဲ့ဘဝက
ပျက်စီးသွားကာ လူမြင်ကွင်းမှာဘယ်​သောအခါမှ
ထပ်ပြီး​ပေါ်မလာ​တော့​ပေ။

​Accidental Mark {Myanmar Translation}Où les histoires vivent. Découvrez maintenant