Chapter-30

4.6K 881 57
                                    

For Zawgyi~

MV ထုတ်​လွှင့်​မှု

ညင်​သာတဲ့တီးလုံးသံက ဦးစွာထွက်​​ပေါ်လာခဲ့​​ပြီး​...
'မှတ်​ဥာဏ်​အပိုင်းအစများ'ရဲ့သံစဉ်​​တွေက
တဖြည်းဖြည်းချင်း သူ့နားထဲ စီးဝင်​လာခဲ့​ချေသည်​။

ဒီသီချင်းက ​ကျောင်းသားဘဝကိုပုံ​ဖော်​ထားတဲ့သီချင်း
တစ်​ပုဒ်​ဖြစ်​ပြီး..သီချင်းအမျိုးအစားက ​တော်​​တော်​​လေး
နူးညံ့​လေသည်​​။သီချင်းရဲ့ပဏာမတီးလုံးသံကို ဂီတာ​..
ဘာဂျာ​နဲ့ အခြားတူရိယာ​တွေသုံးကာ ဖန်​တီးထားပြီး။
စာသားကို ချန်းယိကျွင်းကိုယ်​တိုင်​ ရေးစပ်​ထားခဲ့ကာ..​တေးသွား​တွေကလည်း နားဝင်​ချိုလှ​ပေ၏။
စာရွက်​​ဟောင်း​တွေကို ပြန်ကာ​လှန်​​လှောလိုက်​သလိုမျိုး..
ဒီသီချင်း​လေးက ရုတ်​တရက်ဆန်​စွာပဲ လူ​တွေထံ ရိုးရှင်း
ငယ်​ရွယ်​​တဲ့​ကျောင်းသား​ဘဝကို ယူ​ဆောင်​ပေးလာခဲ့၏။

MVထဲမှာပါဝင်​တဲ့ ကျောင်းသား​ကျောင်းသူတိုင်းက
အဖြူအနက်​​ကျောင်းဝတ်​စုံ​​တွေ ဆင်​ယင်​ထားကာ..
ကစားကွင်းအလယ်​မှာ ဟိုတစ်​စု ဒီတစ်​​နေရာဖြင့်
ရပ်​​နေကြ​​လေပြီး။ကျောင်း​ရဲ့အရှေ့မှာလည်း
'နှစ်​၁၀၀ပြည့်​အထိမ်းအမှတ်​ပွဲ'လို့​ရေးသားထားတဲ့
အနီ​ရောင်​စာတန်းကြီးတစ်​ခုကို ချိတ်​ဆွဲထားလျက်​ပင်​။
ချန်းယိကျွင်းမှာ သပ်​ရပ်​လှပတဲ့အင်္ကျီနဲ့စကတ်​​လေးကို
ဝတ်​ဆင်​ထားခဲ့​ကာ..ပွဲအခမ်းအနားမှာပါဝင်​ဖို့ သူမရဲ့
ကျောင်း​ဆီကိုတစ်​ဖန်​ ပြန်​​ရောက်​လာခဲ့​​တော့သည်​။
ရုတ်​တရက်ဆိုသလို သူမ​နောက်​​ကျောဘက်​က​နေ
ဖိနပ်​သံ​ထွက်​​ပေါ်လာတဲ့အခါ..သူမက ပြုံးလိုက်​ရင်း
အ​နောက်​ကိုလှည့်​ကြည့်​လိုက်​မိ၏-

ဒီအချိန်မှာ ​ကင်​မရာက မြင်ကွင်းကိုချဲ့လိုက်​ပြီး..။
သူမမှာ ကြည်​လင်​တဲ့မျက်​ဝန်းနက်​​လေးတစ်​စုံနဲ့
တွေ့ဆုံမိရ​လေသည်​။

ချန်​ရှ မှတ်​မိ​နေ​သေး၏။ဒီအပိုင်းရိုက်​ကူး​နေစဉ်​တုန်းက..
'နှစ်​​ပေါင်းများစွာကြာပြီး​နောက်​ ပြန်​​တွေ့ဆုံခြင်း'ဆိုတဲ့
ဇာတ်​ကွက်​ကိုသရုပ်​​ဖော်​ဖို့ရာ မိတ်​ကပ်​ဆရာက တမင်
ရည်​ရွယ်​ပြီး ချန်ရှကို ​ရင့်​ကျက်​တဲ့သွင်​ပြင်​​ပေါ်​အောင်
ပြင်ဆင်​​ပေးခဲ့တာဖြစ်​သည်​။ချန်​ရှက suitရယ်​..ရှပ်​နဲ့
နက်​ခ်​တိုင်​ပါ တွဲဖက်​ဝတ်ဆင်​​ထားတဲ့အပြင်​ သူ့ရဲ့ဆံပင်
ပုံစံ​ကြောင့်​ 'လုပ်​ငန်းခွင်​ထဲကလူရွယ်​​လေး'တစ်​ဦးနဲ့ပင်
တူညီ​နေ​တော့သည်​။မိတ်​ကပ်​နဲ့ အပြင်​အဆင်​​တွေက
လူတစ်​​ယောက်​ကို အမှန်​တကယ်​​ပြောင်းလဲနိုင်​တယ်​လို့
ဆိုရ​ပေမည်​။ချန်​ယိမင်​နဲ့​ကျောင်းချုံမှာ သား​ဖြစ်​သူကို
မမှတ်​မိ​သ​လောက်​ပင်​။

Accidental Mark {Myanmar Translation}Where stories live. Discover now