For Zawgyi~
အတွေးနွံထဲတဝဲလည်လည်
ဖေးရှောက်ဇီ ထူးဆန်းတဲ့အိပ်မက်တစ်ခုကြောင့်
နိုးလာခဲ့လေသည်။အိပ်မက်ထဲမှာ နေရာတိုင်းက မြူတို့ရစ်သိုင်းနေခဲ့ပြီး...
လေထုထဲ ပျံ့လွင့်နေတဲ့ လန်းဆန်းချိုမြိန်တဲ့ သဘာဝ
လိမ္မော်ရနံ့လေးကို သူ ရှူရှိုက်မိသွားပေသည်။ဒါက..
သူ ပူအိုက်နေတဲ့အချိန်မှာ သူ့ရှေ့လာချပေးသွားတဲ့
လိမ္မော်ရည်တစ်ခွက်လိုပဲ..သူ့အနေနဲ့ တုံ့ဆိုင်းမှုမရှိ
သောက်လိုက်မိ၏။လတ်ဆတ်တဲ့ဖျော်ရည်က သူ့ကို
စိတ်ကြည်နူးစေပြီး ပေါ့ပါးလန်းဆန်းအောင် ဖန်တီး
ပေးသည်မို့ သူ့တစ်ကိုယ်လုံး သက်သောင့်သက်သာ
ဖြစ်နေချေသည်။သူ နိုးလာတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံး ချွေးတွေရွှဲနစ်လို့။
အဝတ်တွေက သူ့ကိုယ်မှာချပ်ကပ်နေပြီး တော်တော်လေး
အဆင်မပြေလှချေ။ဖေးရှောက်ဇီက အေးအေးဆေးဆေး
ထပြီး ရေချိုးခန်းထဲသွားကာ သန့်ရှင်းရေးလုပ်ချင်ပေမဲ့..
မမျှော်လင့်ဘဲ သူ့ကို ဖက်တွယ်ထားတဲ့လူတစ်ယောက်ကို တွေ့လိုက်ရချေသည်။သူ အိပ်ရာဘေးက မီးအိမ်ကိုဖွင့်ပြီး အနီးကပ်ကြည့်လိုက်
လေတော့...ချန်ရှတဲ့လား?လူငယ်လေးက မျက်လုံးတွေမှိတ်ထား၏။ခပ်စိပ်စိပ်
မျက်တောင်ရှည်လေးတွေက သူ့မျက်ခမ်းတွေထက်
အရိပ်ထင်ဟပ်နေခဲ့ပြီး။သူ့ခေါင်းက ဖေးရှောက်ဇီရဲ့
ရင်ခွင်ထဲ မြုပ်နေကာ အသက်ရှုသံတွေကိုတောင်မှ
ကြားနားနေရလေသည်။ဖေးရှောက်ဇီ ရုတ်တရက်ကြီး ရင်ခုန်မိသွားချေသည်။
သူ့အိပ်မက်ထဲကလူနဲ့ ဒီမျက်နှာလေးကို အလိုလိုနေရင်း
ဆက်စပ်ကြည့်မိတော့၏။ပြီးခါမှ သူ ချက်ချင်းလက်ငင်း
သတိပြန်ဝင်လာကာ မဖြစ်နိုင်တဲ့သူ့အတွေးအဖုံဖုံကြောင့်
ဆွံ့အသွားရပေသည်။ချန်ရှက ငယ်သေးလွန်းသည်။
သူ ဘယ်လိုများ ^ကလေးတွေအတွက်မသင့်တော်တဲ့^
ကိစ္စတွေကို ချန်ရှနဲ့တွဲပြီး တွေးနိုင်ရတာလဲ?..ဒါမျိုးက
လူငယ်လေးကို မလေးစားရာရောက်သည်လေ။

أنت تقرأ
Accidental Mark {Myanmar Translation}
عاطفيةAuthor-Die Zhiling Type-Web Novel(CN) Associated Name-意外标记 Total Chapter-95 Chapters Original Publisher-jjwxc >>This novel is not mine. All credits to original author and english translators! If you want to read this, you can read at novel update! [...