Chapter-2

7.8K 1.1K 60
                                    

For Zawgyi~

အမှတ်​အသား​ပေးရမလား..မ​ပေးရဘူးလား?

['​မျှော်​လင့်​မထားတဲ့ စွန်းထင်းမှု' ဝတ္ထုရဲ့ ကမ္ဘာမှ ကစားသူ
ဖေး​ရှောက်​ဇီကို ကြိုဆိုပါတယ်​]

[စာအုပ်​ကူး​ပြောင်းစနစ်​၏ ​လုပ်​​ဆောင်​ရမဲ့တာဝန်​ ;
ဝတ္ထုရဲ့ အဓိကဇာတ်​​ကောင်​ကိုမြှင့်​တင်​ပြီး အဓိက
ဇာတ်​​ကောင်​မှ သင့်​အ​ပေါ် အမြင်​ကြည်​မှု 100 မှတ်​ထိ
ရောက်​​အောင်​ လုပ်​​ဆောင်​ပါ]

[အဓိကဇာတ်​​ကောင်​ချန်​ရှ အွန်​လိုင်း​ပေါ်မှာရှိ​နေပါသည်​။
သူ့ရဲ့ထိခိုက်​လွယ်​တဲ့ကာလကို ​ရောက်​ရှိ​နေပြီး သင်​ သူ့ကို
နာကျင်ေ​စမယ်​ဆိုရင်​​တောင်​ သူခုခံဖို့ မဖြစ်​နိုင်​ပါ]

သူ့စိတ်​ထဲမှာ အသိ​ပေးချက်​ အသံ​တွေ ထပ်​ပြီး ​ပေါ်လာခဲ့
သည်​။

နောက်​ဆုံးမှာ​တော့..
ဒီစာ​ကြောင်းက ​ဖေး​ရှောက်​ဇီအား Omega
pheromoneနဲ့ ချန်​ရှ ဆိုတဲ့စကားလုံး​တွေကို ဘာ​ကြောင့်
ရင်းနှီး​နေရလည်းဆိုတာ မှတ်​မိသွား​စေသည်​။

ဝတ္ထု​​တွေရဲ့ ကမ္ဘာ...

ဒီ​နေ့ဟိုတယ်​ကို သွားတဲ့လမ်းမှာ သူ့ရဲ့ညီမက သူမ ဖတ်​ခဲ့တဲ့
'​မျှော်​လင့်​မထားတဲ့ စွန်းထင်းမှု' ဆိုတဲ့ ဝတ္ထုအ​ကြောင်း
ပြောပြခဲ့သည်​​လေ။ဝတ္ထုရဲ့ ဇာတ်​​ကောင်​ ​ဖေး​ရှောက်​ဇီမှာ သူနဲ့တူညီတဲ့ နာမည်​ရှိပြီး ထိုသူသည်​လည်း
အင်​တာတိန်းမန့်​တစ်​ခုရဲ့ ပိုင်​ရှင်​ဖြစ်​​နေသည်​။

သူ့ညီမဖတ်​​နေခဲ့စဉ်​က ထိုစာအုပ်​ကို စိတ်​မဝင်​စားခဲ့သလို
သူ အ​သေးစိတ်​လည်း မ​မေးခဲ့မိ​ချေ။ထိုဝတ္ထုက
<ABO ဝတ္ထု> ဖြစ်​သည်​ဆိုတာရယ်​ ဝတ္ထုဇာတ်​​ကောင်​ဖြစ်​တဲ့ 
ဖေး​ရှောက်​ဇီက Alphaဖြစ်​ပြီး အခြားဇာတ်​​ကောင်​က ချန်​ရှ
ဖြစ်​သည်​ ဆိုတာသာ သူသိခဲ့ရသည်​။

အရက်နာကျပြီး အိပ်​​ဆေးနည်းနည်း​လောက်​ ​သောက်​ခဲ့တာနဲ့
ဝတ္ထုထဲကို တကယ်​ကြီး ​ရောက်​လာခဲ့တယ်​?

သူ့​ခေါင်းထဲက အသံက "ကစားသူကို လမ်းညွှန်​ပေးတဲ့ NPC"လား?

{NPC= Non Player Character}

Accidental Mark {Myanmar Translation}Where stories live. Discover now