Chapter-53

4K 696 82
                                    

For Zawgyi~

ချန်​ရှရဲ့၁၉နှစ်​ပြည့်​​မွေး​နေ့​လေး​ရောက်​​တော့မယ်

ဖေး​ရှောက်​ဇီခမျာ ချန်​ရှအ​ပေါ် ပိုင်​ဆိုင်​လိုတဲ့ဆန္ဒတစ်​ခု
ကြီးထွားလာတာကို သတိထားမိသွားတဲ့​နောက်​မှာ​တော့
တော်​​တော်ကြီးကို သ​ဘောထားကွဲလွဲသွားရှာသည်​။

တစ်​ဖက်​မှာ...သူ့​အ​နေနဲ့ ချန်​ရှရဲ့ကိုယ်​ပိုင်​အ​ရေးကိစ္စ​ကို
ဝင်​မစွက်​ဖက်​သင့်​ဘူးလို့ ​တွေး​နေမိ​ပေ၏။တကယ်​တမ်း..
သူဆိုသည်​က ^အပြင်​လူ^မျှသာ။အ​စောပိုင်းမှာ ချန်​ရှကို
အမှတ်​အသားမ​ပေးခဲ့ဘဲ ထိုသူ့အတွက် ​လမ်း​ကြောင်းကို 
ရွေးချယ်​​​ပေးပြီးကတည်းက သူ့မှာ ချန်​ရှနဲ့သက်​ဆိုင်​ပါတဲ့
စိတ်​ခံစားချက်​​တွေ မများသင့်​​တော့​ချေ။တစ်​ဖက်​မှာကျ..
ဒီလိုတစ်​​ယောက်​တည်းပိုင်​ဆိုင်​လိုတဲ့စိတ်​ကို ထိန်းချုပ်​ဖို့
ခဲယဉ်းမှန်း သူသိလိုက်​ရပြန်​၏။ဒီ​ကနေ့..ချန်​ရှ ရှန်​ခိုင်​ကို
နမ်း​တော့မဲ့အခိုက်​အတန့်​မှာ အလိုလို​​နေရင်း ရပ်တန့်​ဖို့ပင်
ထုတ်​​ပြောလိုက်​မိ​ချေသည်​။ဘာ​​ကြောင့်​လဲဆိုရင်​​တော့..
ချန်​ရှ တခြားAlphaနဲ့နီးနီးကပ်​ကပ်​ဖြစ်​​နေတာမျိုးကို သူ
မလိုလားလို့ပင်​။

ဖေး​ရှောက်​ဇီရဲ့ညစာက ငြီး​ငွေ့စရာ​ကောင်းပြီး အရသာ
မရှိ​လှ​ပေ။သူ သူ့ရဲ့ဟိုတယ်​ခန်းထဲ ပြန်​​ရောက်​လာချိန်​မှာ
ရေ​အေး​အေးတစ်​ခွက်​​ ထည့်​သောက်​လိုက်​ပြီး သူ့အတွက်
ခြိမ်း​ခြောက်​​မှုဖြစ်​​နေတဲ့အရာကို တုံ့ပြန်​ဖို့ ​တွေး​လိုက်​၏။
သူ လုံးဝစိတ်​တည်​ငြိမ်​သွားခါမှ လက်​​ထောက်​ကျန်​ဖန်​ဆီ
စာတစ်​​စောင်​ပို့လိုက်​​လေသည်​။/ရှန်​ခိုင့်​အ​ကြောင်း ငါ့ကို
ကူပြီးစုံစမ်း​ပေး။သူ့မိသားစု​နောက်​ခံ​​ကအစ သူ့အချစ်​​ရေး
အဆုံး..ပိုအ​သေးစိတ်​​လေ ​ကောင်း​လေပဲ/

မကြာခင်​မှာပဲ ​ကျန်​ဖန်က ​ဖေး​ရှောက်​ဇီရဲ့​မေးလ်​ထဲကို
အချက်​အလက်​​တွေ​ပို့လာခဲ့၏။

ရှန်​ခိုင်​က ၂၂နှစ်​ရှိပြီဖြစ်​ပြီး။သူ့ရဲ့ဖခင်​ဖြစ်​သူAlphaမှာ
ဘဏ်​တစ်​ခုရဲ့အလုပ်​အမှု​ဆောင်​တစ်​ဦးဖြစ်​​ကာ ​နောက်
သူ့ရဲ့ဖခင်​ဖြစ်​သူOmegaက​တော့ ပန်းချီဆရာတစ်​ဦးပင်​။
သူက အမျိုးသားနှစ်​​ယောက်​ရဲ့ က​လေးဖြစ်​​​နေ​ချေသည်​။
ဖေး​ရှောက်​ဇီခမျာ ^အမျိုးသား​တွေက က​လေး​မွေးတယ်​^
ဆိုတဲ့ အခြင်းအရာကို ယခု​မှသာ မဆိုသ​လောက်​​က​လေး
လက်​ခံနိုင်​​သေး၏။နောက်​စာမျက်​နှာကို မ​ရွှေ့ခင်​ သူ့မှာ
တဒင်္ဂ​လောက်​ ဆွံ့အသွားရရှာသည်​။

Accidental Mark {Myanmar Translation}Where stories live. Discover now