Chapter-37

3.9K 729 55
                                    

For Zawgyi~

ချန်​ရှရဲ့အက်​စီးဒန့်​(၁)

မှောင်​ရီပျိုးလာတဲ့အခါ..တစ်​​နေ့ခင်းလုံးပြင်​ဆင်​ထားတဲ့
အဖွဲ့လိုက်​ဇာတ်​ဝင်​ခန်းကို ​နောက်​ဆုံး​တော့ စတင်​​လေပြီ။

လုဖုန်းယန်​က အလယ်​တန်း​မှာ ​ဆိုး​သွမ်းတဲ့​ကျောင်းသား
တစ်​​ယောက်​ဖြစ်​ခဲ့ပြီး။သူ့ရဲ့အထက်​တန်းပထမနှစ်​မှာ
တတိယအဆင့်​ကျောင်းကို​ ပြောင်း​သွား​ခဲ့​လေသည်။
အလယ်​တန်း​နှစ်​တုန်းက သူ့ဆီမှာ အရိုက်​ခံခဲ့ရတဲ့
လူတချို့က အနီးနားရှိ အသက်​​မွေးဝမ်းေ​ကြာင်းဆိုင်​ရာ
ကျောင်းမှာတက်​​ရောက်​​နေခဲ့​​ကာ။ထို​နေ့က အင်္ဂလိပ်​စာ
စကားလုံး​တွေသတ်​ပုံ​ခေါ်​​နေတဲ့အချိန်​ သူ့ရဲ့အမှား​ကြောင့်​ စကားလုံး​တွေကို အလွတ်​ရွတ်​ပြဖို့ သူ့ခမျာ ဆရာမဆီမှာ
ခြေချုပ်​မိခံလိုက်​ရ​ပြီး...တော်​​တော်​​လေး​နောက်​ကျမှ
အိမ်​ပြန်​ခဲ့ရ၏။ချင်နျန်​​သည်​လည်း ဂျူတီကျတာ​ကြောင့်
တစ်ဖက်မှာ ​​အိမ်​ပြန်​​နောက်​ကျနေခဲ့​ပေသည်​။

ကျောင်းအနီးအနားက လမ်းကြားထဲမှာ လုဖုန်းယန်​ကို
လူတချို့က ပိတ်​ဆို့ထား​လေပြီး။သူတို့က တစ်​ဖက်​လူ
တစ်​​ယောက်​ထဲဆိုတာမြင်​လိုက်​ရတဲ့အခိုက်​ ရိုက်​နှက်​ကာ
ပညာ​ပေးချင်​သွား၏။ထိုအချိန် ​ချင်​နျန်​က ​ကျောင်းထဲက
ထွက်​လာရင်း...ဒီမြင်​ကွင်းကို တန်း​တွေ့လိုက်​​ရ​ချေသည်​။
လုဖုန်းယန်​ အရိုက်​ခံရခါနီး​လေးမှာ ချင်​နျန်​က အရဲစွန့်​ပြီး
ဝင်​ကူညီ​​ပေးလိုက်​၏။

ဒါကပဲ...
သူစိမ်း​တရံအဖြစ်​က​နေ သူငယ်​ချင်း​​​အဆင့်​တက်​သွားမည့်
ဝတ္ထုထဲက အဓိကဇာတ်​လိုက်​နှစ်​ဦးအတွက်​ အခွင့်​အ​ရေး
ဖြစ်ပြီး​။အထူးတလည်​အ​ရေးပါတဲ့ ဇာတ်​ဝင်​ခန်းတစ်ခု​ပင်​။

ဒါရိုက်​တာလျိုက အဓိကသရုပ်​ဆောင်​မဲ့နှစ်​​ယောက်​ကို
ခေါ်ကာ စိတ်​ရှည်​လက်​ရှည်စကားဆိုလာ၏။
"​နေ့လည်​တုန်းက မင်းတို့ကို ဆရာသင်​​ပေးထားတဲ့
လှုပ်​ရှားမှု​တွေနဲ့နည်းလမ်း​ကို မ​မေ့လိုက်​နဲ့။မင်းဘက်​က
တိုက်​ခိုက်​လာရင်​ အရံသရုပ်​​ဆောင်​​တွေဘက်​ကလည်း
ပူး​ပေါင်းလာလိမ့်​မယ်​။လှုပ်​ရှားမှု​တွေက အံဝင်​ဂွင်​ကျ
ဖြစ်​​နေသ​ရွေ့ ​နောက်​ပိုင်းကျန်​တဲ့ကိစ္စအားလုံးကို ငါတို့
ကိုင်​တွယ်​လိုက်​လို့ရတယ်​။အဓိက,က​တော့ ချန်​ရှပဲ။
များ​သောအားဖြင့်​ မင်းတခြားသူ​တွေနဲ့ ရန်​မဖြစ်​ဖူးမှန်း
ငါသိတယ်​။ဒီအခန်းမှာ သိပ်​လည်း​တောင့်​ခံမ​နေနဲ့"

Accidental Mark {Myanmar Translation}Where stories live. Discover now