Chapter-48

3.8K 688 52
                                    

For Zawgyi~

President​ဖေး ဖျားရှာ​လေပြီ

၈နာရီခွဲမှာ​တော့ ချန်​ရှက ကျိုယန်​နဲ့အတူ ရိုက်​ကွင်းဆီ
ရောက်​လာခဲ့၏။

မင်းသယ့်​ကိုယ်​ပိုင်​အထက်​​တန်း​ကျောင်းရဲ့ရှုခင်းကား
သူ့ရဲ့ဂုဏ်​သတင်းနဲ့ တကယ်​ကို လိုက်​ဖက်​ညီ​​ပေသည်​။
စိမ်းစို​နေတဲ့သစ်​ပင်​​တွေ..ပန်း​ပင်​တွေက ​နေရာတိုင်းမှာ
ရှိ​​နေ​ချေပြီး။ကျောင်းအ​ဆောက်​အဦး​တွေက မြူအတိ
လွှမ်းတဲ့ ​တောင်​တန်း​တွေကြား တည်​ရှိ​နေတာ​ကြောင့်
ကျောင်းတစ်​​ကျောင်းဆိုတာထက်​ အပန်း​ဖြေ​တဲ့​နေရာ
တစ်​ခုနဲ့ပင်​ ပိုတူ​နေ၏။ဖေး​ရှောက်​ဇီက အသုံးမပြုတဲ့
အ​ဆောက်​အဦးတစ်​ခုကို ​ငှါး​ဖို့အတွက် ​ကျောင်းကို
ဆက်​သွယ်​ခဲ့ပြီးသားပင်​။ထိုအ​ဆောက်​အဦး​နေရာက
ကျောင်းအားကစားကွင်း အ​နောက်ဘက်​​မှာ ဖြစ်​ပြီး
များပြားလှတဲ့အခန်းလွတ်​​တွေကို​တော့ စာသင်​ခန်း၊
စာကြည့်​တိုက်​၊ ဇာတ်​လိုက်​ဖြစ်​သူရဲ့အိမ်​ဧည့်​ခန်းနဲ့
အိပ်​ခန်း..အစရှိတဲ့ indoorမြင်ကွင်း​​တွေအဖြစ်​ 
ပြောင်းလဲနိုင်​လေသည်​။

ပစ္စည်း​ပြင်​ဆင်​​ရေးအဖွဲ့နဲ့ ရိုက်​ကွင်း​ဖန်​တီးသူ​တွေက
ဒီ​နေ့ မနက်​​စော​စောမှာ ရိုက်​ကွင်းကို ရောက်​လာပြီး
ပြင်​ဆင်​​ပေးသွားခဲ့​ချေ၏။အရင်​ဆုံးအ​နေနဲ့..သူတို့က
ဇာတ်​လမ်းထဲမှာ အများဆုံးပါဝင်​တဲ့စာသင်​ခန်းကို 
ပြုလုပ်​ပေးသွားခဲ့​လေကာ...တစ်​ဖက်​ခြမ်းမှာ​တော့
အဝတ်​လဲခန်းတချို့​​နဲ့ မိတ်​ကပ်​ပြင်​တဲ့အခန်းကိုပါ
ပြင်​ဆင်​​ပေးသွားခဲ့ပြန်​သည်​။

ချန်​ရှက အဝတ်​အစားလဲဖို့ ​သူ့အေးဂျင့်​​နောက်​က​နေ
အဝတ်​လဲခန်းဆီ လိုက်​သွား၏။သည့်ေ​နာက်မှာ​​တော့
သူ ပြင်​ဆင်​လို့ပြီးတာနဲ့ ရိုက်​ကွင်းရှိရာဆီ ​ခြေဦးလှည့်
လိုက်​​ပေသည်​။

စာသင်​ခန်းထဲမှာ ထိုင်​ခုံအလုံး ၄၀ကို row ၄ခုခွဲပြီး
စီထား​​လေကာ။ချင်​နျန့်​ခုံက ပြတင်း​ပေါက်​နဲ့​ဝေးရာ
ညာဘက်​အခြမ်းက သုံးတန်း​မြောက်​မှာ ဖြစ်​သည်​။
အထက်​တန်းတတိယနှစ်​ နှစ်​ဝက်​စာ​မေးပွဲပြီးတဲ့​အခါ
လုဖုန်းယန်လို့ေ​​ခါ်​တဲ့ ပြောင်းေ​ရွှ့​ကျောင်းသား​လေး
တစ်​​ယောက်​က ရုတ်​တရက်​ဆန်​ဆန်​ပဲ အတန်းထဲကို
ရောက်​လာခဲ့၏။ဆရာ(မ)ဖြစ်​သူက ထိုလုဖုန်းယန်​ကို
နောက်​ဆုံးတန်းမှာ ထိုင်​ဖို့ စီစဉ်​​ပေးလိုက်​​လေသည်​။

Accidental Mark {Myanmar Translation}Where stories live. Discover now