For Zawgyi~
ရဲအရာရှိဝတ်စုံနှင့်ချန်ရှ
ဖေးရှောက်ဇီလည်း စောစောက အနမ်းမှာ နည်းနည်းလေး
လွန်သွားသယောင် ခံစားမိပါ၏။လူငယ်လေးရဲ့နှုတ်ခမ်းကို
ဖူးရောင်သွားအောင် လုပ်လိုက်မိသည်လေ။သူတို့နှစ်ဦးလုံး
တစ်ပတ်လောက်မတွေ့ခဲ့ရတာကြောင့်လည်း ဖြစ်မည်။
ဒီရက်ပိုင်း ချန်ရှကို သူ့ရင်ခွင်ထဲထည့်ကာသိမ်းဝှက်ထားတဲ့
အိပ်မက်တွေသာ မြင်မက်နေမိခဲ့ပြီး...လက်တွေ့ဝယ် ချန်ရှ
သူ့ဆီရောက်လာတဲ့အခိုက် သူ့ရဲ့တည်ငြိမ်မှုနဲ့ရိုးသားမှုတို့
ပျောက်ဆုံးသွားခဲ့ရတော့သည်။ဒီလိုထိန်းချုပ်မှုလွတ်သွားတဲ့ခံစားချက်က အနည်းငယ်
ထူးဆန်း၏။ဖေးရှောက်ဇီက နှုတ်ခမ်းကိုလက်နဲ့ကွယ်ပြီး
ကိုးရိုးကားရား ချောင်းဟန့်ကာ စကားလမ်းကြောင်း
လွှဲလိုက်လေသည်။"ဒါတွေ အရင်စားလိုက်ကြမယ်။
ဖွင့်ပြီးရင် ပြန်သိမ်းလို့မကောင်းဘူး"ချန်ရှက ခေါင်းညိတ်ပြ၏။နှစ်ဦးသား စားပွဲမှာဝင်ထိုင်ပြီး
ချန်ရှယူလာတဲ့ကိတ်လေးတွေကို စားနေလိုက်ပေသည်။ဖေးရှောက်ဇီက ချန်ရှအတွက် နောက်ထပ်ကျဲကျီနှစ်ပိုင်း
ဖွင့်လိုက်ပြီး၊ မကြာပါချေ..ညနေ ၆နာရီထိုးသွားပေ၏။
တစ်ချိန်တည်းမှာပဲ သူတို့နှစ်ဦးရဲ့ဖုန်းထဲမှ မက်ဆေ့ခ်ျသံ
ထွက်ပေါ်လာလေသည်။ရိုက်ကူးအဖွဲ့ group chatထဲက
ဝင်လာသည့်စာပါပင်။/@အဖွဲ့သားအားလုံး..ညစာစားဖို့
လူတိုင်းအောက်ထပ်ကို လာပေးကြပါဗျ။ဒါရိုက်တာကျူး
ဒကာခံမှာဖြစ်ပါတယ်!/နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ပြီး နောက်
ဖေးရှောက်ဇီက အရင်ထ,ရပ်လိုက်၏။"ကိုယ် အပြင်ကို
အရင်ထွက်ကြည့်လိုက်မယ်။ဘာပြဿနာမှမရှိဘူးဆိုရင်
မင်းအခန်းကို ပြန်သွားလို့ရပြီ"Omegaသရုပ်ဆောင်တစ်ယောက်ကို သူ့သူဌေးဖြစ်သူရဲ့
အခန်းထဲမှာ ရှာတွေ့တာက သိပ်တော့မကောင်းလှချေ။
ဖေးရှောက်ဇီက အခြေအနေကိုအကဲခတ်ဖို့ အပြင်ဘက်
အရင်ထွက်သွားပြီးနောက် ချန်ရှထံ အချက်ပြလိုက်၏။
ချန်ရှက ခပ်မြန်မြန် ထွက်လာကာ သူ့အခန်းဆီ လှစ်ခနဲ
ပြန်သွားပြီး ပုံမှန်အတိုင်း အောက်ထပ်မှာညစာစားဖို့ရာ
ဆင်းသွားပါလေတော့သည်။
YOU ARE READING
Accidental Mark {Myanmar Translation}
RomanceAuthor-Die Zhiling Type-Web Novel(CN) Associated Name-意外标记 Total Chapter-95 Chapters Original Publisher-jjwxc >>This novel is not mine. All credits to original author and english translators! If you want to read this, you can read at novel update! [...