For Zawgyi~
မစ္စတာဖေးက ဘာလို့များ သူနဲ့
စကားလာပြောနေရတာလဲ?ဖေးရှောက်ဇီ ရိုက်ကွင်းကို ရောက်တဲ့အချိန်က နေ့လည်
၁၂နာရီခွဲအတိပင်။အဖွဲ့သားတွေ နေ့လည်စာစားဖို့
အချိန်မတိုင်သေးတာမို့..သူ ကျန်ဖန့်ကို လူအရေအတွက်
တွက်ခိုင်းပြီး..အော်ဒါမှာဖို့ လေသံတိုးတိုးနဲ့ပြောလိုက်၏။
ကျိုယန်တစ်ယောက် သူ့ကိုသတိပြုမိသွားပြီး...ချက်ချင်း
နှုတ်ဆက်လာလေသည်။"Presidentဖေး, ရှင်...
ဒီ.....ရိုက်ကူးရေးအဖွဲ့ဆီ အလည်လာတာလား?"Group Cမှာရှိတဲ့ အနုပညာရှင်တိုင်းရဲ့ အရေးကြီးတဲ့
အလုပ်ဆောင်ရွက်ချက်တွေကို Presidentဖေးထံ
တင်ပြဖို့ လိုပြီး...မနေ့ကတင်..ချန်ရှတစ်ယောက်
ချန်းယိကျွင်းနဲ့အတူ MVရိုက်ကူးဖို့ သွားရမဲ့အကြောင်း
သူမ အသိပေးခဲ့ပြီးဖြစ်သည်။သူမအနေနဲ့ ဒီနေရာမှာ
ဖေးရှောက်ဇီ ရုတ်တရက်ပေါ်လာတာကို မအံ့သြမိပေ။
Presidentဖေး ဒီကိုလာတာက ချန်းယိကျွင်းကို
မျက်နှာသာပေးချင်တာကြောင့်ဖြစ်မယ်လို့
သူမတွေးလိုက်မိသည်။နောက်ဆုံးတော့လည်း..
ချန်းယိကျွင်းက Group Cရဲ့အကြီးမားဆုံး
ကြယ်တစ်ပွင့်ဖြစ်နေသေးသည်လေ။လူတိုင်း...အဲ့ဒီလိုတွေးမယ်ဆိုတာ ဖေးရှောက်ဇီ
သိပေမဲ့လည်း မရှင်းပြခဲ့ချေ။သူ..အနီးအနားက
အလုပ်ရှုပ်နေတဲ့ ဝန်ထမ်းတွေကို တစ်ချက်ဝေ့ကြည့်ပြီး
ကျိုယန့်ကို အသံနိမ့်နိမ့်ဖြင့် မေးလိုက်၏။"ရိုက်ကူးရေးက
စနေပြီလား?"ကျိုယန် ပြန်ဖြေလာ၏။"ဟုတ်ကဲ့..ဒီနေ့အပြင်မှာ
နှင်းကျကတည်းကပါ...ရှင် သွားကြည့်ချင်လား?"ဖေးရှောက်ဇီ 'အင်း'ဆိုပြီးလေသံဖျော့ဖျော့နဲ့
သဘောတူကြောင်းပြလာတဲ့အခါ..ကျိုယန် သူ့ကို
စတူဒီယိုဆီ ခေါ်သွားလိုက်သည်။ဒါရိုက်တာကျန်မှာ..ချန်ရှ စန္ဒရားတီးနေတဲ့အခန်းကို
ရိုက်ကူးနေဆဲဖြစ်သည်။ရိုက်ကူးချိန်မှာ ချန်းယိကျွင်း
မပါဝင်တာမို့..လူနှစ်ဦးက ရိုက်ကွင်းထဲမှာ မဆုံမိခဲ့ချေ။
ထပ်ပြောရရင်...ဒါက ပထမဆုံးအစမ်းရိုက်ကူးမှုသာ
ဖြစ်ပြီး ထည့်သွင်းစဉ်းစားမည်မဟုတ်ပေ။
YOU ARE READING
Accidental Mark {Myanmar Translation}
RomanceAuthor-Die Zhiling Type-Web Novel(CN) Associated Name-意外标记 Total Chapter-95 Chapters Original Publisher-jjwxc >>This novel is not mine. All credits to original author and english translators! If you want to read this, you can read at novel update! [...