For Zawgyi~
သူငယ်ချင်းများစုရပ်မှာမက်ဆေ့ခ်ျတစ်စောင်ချန်ရစ်ခဲ့
မျက်စိတစ်မှိတ်အတွင်းမှာတင် 'ကျဲကျီ'ရိုက်ကူးရေး
စတင်တာ တစ်ပတ်ပင်ရှိသွားလေပြီ။သဘောတူသတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်းပဲ..
လျိုရွှယ်ယိဘက်က သရုပ်ဆောင်အနည်းစုရဲ့သီးသန့်
ဇာတ်ဝင်ခန်းအားလုံးကို ပြီးစီးသွားခဲ့ပြီဖြစ်၏။ချန်ရှနဲ့
ယဲ့မင်ချန်တို့ နှစ်ဦးကြားက ဖွင့်ဟပြောစရာမလိုတဲ့
ပူးပေါင်းမှုကြောင့် မူရင်းဝတ္ထုထဲက ချင်နျန်နဲ့ရွှီဖေးရဲ့
အပြိုင်ဇာတ်ဝင်ခန်းတွေလည်း အပြီးသတ်သွားပြီပင်။ပိတ်ရက်ဖြစ်သည်မို့ နှင်းတွေကတစ်ဖန်စတင်ကျဆင်း လာခဲ့ပါ၏။
လျိုရွှယ်ယိက ချန်ရှနဲ့ရှန်ခိုင်ကို မနက်စောစောစီးစီး
ခေါ်ထုတ်လာပြီး စိတ်ရှည်လက်ရှည်စကားဆိုလေသည်။
"မင်းတို့နှစ်ယောက် အခုပိုပြီးရင်းနှီးလာကြပြီမလား?
ဒီနေ့တော့ ငါ ချင်နျန်နဲ့လုဖုန်းယန် အခန်းတွေကို အဓိက
ရိုက်ဖြစ်လိမ့်မယ်။စိတ်မလှုပ်ရှားနဲ့။အရင်ဆုံးတစ်ဖက်ကို
သွားပြီး မင်းတို့ဇာတ်ညွှန်းကိုဖတ်နေ"လူငယ်လေးနှစ်ယောက်က သူတို့ရဲ့ဇာတ်ညွှန်းကိုယ်စီနဲ့
ဆိတ်ငြိမ်တဲ့ထောင့်တစ်နေရာကို သွားကာ..စကားပြော
လေ့ကျင့်ဖို့ အစပျိုးလိုက်ပေသည်။ချန်ရှမှာ ဒီAlphaအပေါ် နက်ရှိုင်းလှတဲ့ထင်မြင်ချက်မျိုး
မရှိပါချေ။လွန်ခဲ့တဲ့ရက်အနည်းငယ်က...ပုံမှန်အားဖြင့်
သူတို့က တသီးတခြားစီရိုက်ကူးခဲ့ပြီး အဆက်အသွယ်ပင်
သိပ်မရှိခဲ့။ရှန်ခိုင်ရဲ့သူ့အပေါ်ထားတဲ့ သဘောထားကတော့
အတော်အသင့် ရင်းနှီးလေသည်။သူတို့ဆုံမိကြတဲ့အခါ..
တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ပြီး ပေါ့ပေါ့ပါးပါး
စကားစမြည်ပြောကြလိမ့်မည်သာ။ဒါပေမဲ့ ရင်းနှီးလား?
ဆိုရရင်...သူတို့ တကယ်ကို မရင်းနှီးပါလေ။
![](https://img.wattpad.com/cover/261728404-288-k892421.jpg)
YOU ARE READING
Accidental Mark {Myanmar Translation}
RomanceAuthor-Die Zhiling Type-Web Novel(CN) Associated Name-意外标记 Total Chapter-95 Chapters Original Publisher-jjwxc >>This novel is not mine. All credits to original author and english translators! If you want to read this, you can read at novel update! [...