For Unicode~
Weiboပေါ်က သတင်းထူး
ဖေးရှောက်ဇီမှာတော့ ချန်ရှရဲ့ပွင့်လင်းလှသည့်
ဝန်ခံစကားအားကြားလိုက်ရပြီးသကာလ
အပြင်ပန်းရှိ သူ့ရဲ့အေးစက်မာကြောသည့်အခွံအား
ချန်ရှက ညင်ညင်သာသာ ဆွဲခွာသွားလေသယောင်
ခံစားလိုက်ရ၏။လူငယ်လေးရဲ့ခပ်သွယ်သွယ်
လက်ချောင်းလေးတွေက သူ့နှလုံးသားတစ်နေရာအား
ဂရုတစိုက်ထိတွေ့ကာ ဖွဖွလေး ကုတ်ခြစ်လာသည်။သူ့နှလုံးသားမှာထုံထိုင်းသွားရပြီး တစ်ကိုယ်လုံးကို
လျှပ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသည့်အလား
သူ့နောက်ကျောရှိ ချွေးပေါက်တွေပင် ဖြည်းဖြည်းချင်း
ပွင့်လာခဲ့၏။ဒါက ကိုယ်သဘောကျရတဲ့
တစ်စုံတစ်ယောက်ဆီကနေ ဖွင့်ပြောခံရတဲ့
ခံစားချက်များလား?'ကျွန်တော့်နှလုံးသားထဲမှာ အမြဲတမ်း
ခင်ဗျားတစ်ယောက်တည်းရှိတာ'ပါတဲ့-
ဒီစကားလေးက ဖေးရှောက်ဇီ ကြားဖူးသမျှထဲ
အကောင်းဆုံးသောစကားပါပင်။ဖေးရှောက်ဇီက လူငယ်လေးကို သူ့ပေါင်ပေါ်
ဆွဲတင်ကာ အသာလေးဖက်ထားလိုက်လေသည်။
လက်တစ်ဖက်က ချန်ရှရဲ့ခါးထက်နေရာယူလိုက်ပြီး
ကျန်တစ်ဖက်ဖြင့် လူငယ်လေးရဲ့မေးစေ့ကိုပင့်ကာ
ကြင်နာစွာ နမ်းရှိုက်လိုက်၏။ချန်ရှတစ်ကိုယ်လုံးက
မ,ချီခံလိုက်ရပြီး Alphaဖြစ်သူရဲ့သန်မာသည့်
ပေါင်ပေါ်မှာ ထိုင်မိလျက်သား။ဒီအနေအထားက
သူ့ကိုရင်ခုန်လာစေပြီး ပါးပြင်နှစ်ဖက်မှသည်
နားရွက်လေးတွေအထိ အနီရောင်ဖျော့ဖျော့လေး
ဖြတ်ပြေးသွားချေတော့သည်။ချန်ရှက ပြန်နမ်းလိုက်ရင်း အရှိန်လွန်ပြီး သူ့ကိုယ်သူ
ပြုတ်မကျစေဖို့ရာ အလျင်အမြန် လက်ဆန့်ကာ
ဖေးရှောက်ဇီရဲ့ပုခုံးအား စိတ်လှုပ်ရှားစွာဖြင့်
ဖက်တွယ်ထားလိုက်သည်။ဖေးရှောက်ဇီရဲ့အနမ်းက
အလွန်ညင်သာပြီး နူးညံ့ကာ နွေးထွေး၏။
သူ့နှလုံးသားအစွန်အဖျားလေးကို နမ်းနေသည့်အလား
ချန်ရှမှာ အရည်ပျော်လုနီးနီးပင်။သူက ပင့်သက်ရှိုက်ရင်း
ရှက်ရှက်ဖြင့် တုံ့ပြန်လိုက်၏။"Mmh..ဖေး..ဖေးကော..
Um..."
YOU ARE READING
Accidental Mark {Myanmar Translation}
RomanceAuthor-Die Zhiling Type-Web Novel(CN) Associated Name-意外标记 Total Chapter-95 Chapters Original Publisher-jjwxc >>This novel is not mine. All credits to original author and english translators! If you want to read this, you can read at novel update! [...