Chapter-61

3.7K 522 14
                                    

For Zawgyi~

လူ​ရွေးပွဲ

နောက်​​နေ့​ နေ့လယ်​ခင်းမှာ​တော့..လူ​ရွေးပွဲကျင်းပမဲ့
နေရာကို ကျိုယန်​နဲ့အတူ ချန်​ရှပါ လိုက်​ပါလာခဲ့၏။

လူ​ရွေးပွဲကို ရုန်​ချန်​မှာရှိတဲ့ ဟိုတယ်​တစ်ခုရဲ့သုံးလွှာ​မြောက်​၊ conference roomမှာ စီစဉ်​ထား​​ချေသည်​။
ပွဲကျင်းပရာ​နေရာမှာ လူများစွာရှိလို့နေပြီး မြင်​ဖူး​နေကျ
မျက်နှာပိုင်​ရှင်​​တွေလည်း ​​ပါဝင်ေ​​န၏။လတ်​တ​လောမှာ 
အမျိုးမျိုး​သော ​ခေါင်းစဉ်​​တွေနဲ့ နာမည်​ကြီး​နေ​လေတဲ့
ငွေကြယ်​ပွင့်​​​တွေကလည်း အများအပြားပင်​။
ကျိုယန်​တစ်​​ယောက်​ နည်းနည်း​လေးစိုးရိမ်​​​နေ​လေသည်​။
သူ(မ)က စာရင်း​ပေးပြီး နံပါတ်​စဉ်​ကတ်​ပြားယူဖို့ရာ
စာရင်းသွင်းသည့်​ရုံးခန်းထံ ချန်​ရှကို ​ခေါ်သွားလိုက်​၏။
ပြီးတဲ့​နောက်​ အသုံးပြုလို့ရတဲ့ နား​နေခန်းတစ်​ခန်းဆီ
ဦးတည်​လိုက်​​ပေသည်​။

ကျိုယန်​က ချန်​ရှကို စိုးရိမ်​​မ​နေဖို့ ​ပြောချင်​​နေတုန်းမှာ
အရပ်​ရှည်​ရှည်​Alphaတစ်​​ယောက်​က တံခါးကိုဖွင့်​လို့
ဝင်​လာ​ချေ​တော့သည်​။ကျိုယန်​တစ်​​ယောက်​ မျက်​လုံး
ပြူးကျယ်​သွားပြီး သူ(မ)ခမျာ လူများမှား​သလားလို့
တွေးမိရ၏။"Pre..President​ဖေး?ရှင်​ ဒီမှာဘာလို့
ရှိ​နေတာလဲ?"

ဖေး​ရှောက်​ဇီက သာမန်​ကာလျှံကာ ​ဖြေလာ၏။
"ငါ ဒီ​နေ့ ဒီဟိုတယ်​မှာ ​ဆွေး​နွေးစရာကိစ္စ​တချို့ရှိ​နေလို့။
ဖြတ်​သွားရင်းနဲ့ အ​ခြေအ​နေကြည့်​မလို့ ဝင်​လာတာ"
သူက ချန်​ရှထံ အကြည့်​ပို့ရင်း ​ညင်​ညင်​သာသာ​လေး
မေးလိုက်​၏။"အဆင်​သင့်​ဖြစ်​ပြီလား?"

ချန်​ရှက ပြုံးကာ သူ့​ခေါင်းသူ ကုတ်​လိုက်​​ချေ၏။
"အဆင်​​ပြေပါတယ်​"

ဖေး​ရှောက်​ဇီက တစ်ဖန်​​ဆို၏။"ကိုယ်​ လူတစ်​​ယောက်​ကို
စုံစမ်းခိုင်းထားတာရှိတယ်​။ဒီ​နေ့လူ​ရွေးပွဲကိုလာမဲ့Alpha
သရုပ်​​ဆောင်​တချို့က ​တော်​​တော်​​နာမည်​ကြီးတယ်​တဲ့။
ပထမတစ်​​ယောက်​က လျိုယွိ​ဖေး၊သူက မှုခင်းစုံ​ထောက်
ဇာတ်​လမ်းတွဲတစ်​ခုမှာ သရုပ်​​ဆောင်​ဖူးတယ်​..ဒါ​ပေမဲ့
ငိုတဲ့​ဇာတ်ဝင်ခန်း​​​မျိုး ​မကျွမ်းကျင်​ဘူး။သူ့မှာ
ရွှီကျစ်​ယန်​ဇာတ်​​ကောင်ကိုရဖို့ အလားအလာမရှိဘူး"

Accidental Mark {Myanmar Translation}Donde viven las historias. Descúbrelo ahora