Chapter-1

17.5K 1.3K 43
                                    

For Zawgyi~

ချွမ်​ရှုစနစ်​မှကြိုဆိုပါတယ်

မိုးစက်​​လေး​တွေက မနက်​စော​စောမှာ တ​ဖြောက်​​ဖြောက်
ကျဆင်း​နေခဲ့ပြီး သစ်​ပင်​​တွေစီတန်းဝန်းရံထားတဲ့ 
တောင်​​တွေက မြူနှင်းမြူခိုး​တွေရဲ့အလွှာအထပ်​ထပ်​နဲ့
ဖုံးလွှမ်းခံထားရသည်​မှာ ဆန်းကြယ်​လှပတဲ့ လျို့ဝှက်
နယ်ေ​မြ တစ်​ခုလိုပင်​။

အနက်​​ရောင်​ကိုယ်​ပိုင်​ကားတစ်​စီးက ​တောင်​ပတ်​လမ်း​ပေါ်
မှာ ​မောင်းနှင်​​နေခဲ့လေသည်။

အ​ရှေ့ခုံမှာယာဉ်​​မောင်းက ကားစတီယာတိုင်​ကို သတိနဲ့
ဂရုတစိုက်​ထိန်းကိုင်​ထားခဲ့ပြီး မီးခိုး​ရောင်​ဝတ်​စုံပြည့်
ဝတ်​ဆင်​ထားတဲ့လူက အနောက်​ဘက်​မှာထိုင်​လျက်​ရှိ၏။
ထိုသူ့ရဲ့ အဖြူ​ရောင်​ရှပ်​အင်္ကျီမှာ သန့်​ရှင်း​နေ​လေပြီး 
အတွန့်​အ​ခေါက်​​​သေး​သေး​လေး​တောင်​ ရှာလို့မ​တွေ့နိုင်​ပါ​ချေ။သူ့ရဲ့သွယ်​လျတဲ့ လက်​​ချောင်း​တွေက​တော့
စာရွက်​စာတမ်းတစ်​ခုကို လှန်​​လှော​နေခဲ့​လေသည်​။

သူ့မှာ ကြည့်​​ကောင်းလွန်းတဲ့သွင်​ပြင်နဲ့ လျစ်​လျူရှုတတ်​တဲ့
လက္ခဏာ​ရပ်​​တွေရှိသည်​ပင်​​။ဘာမှမ​ပြောဘဲ တိတ်​တဆိတ်
ထိုင်​နေခဲ့ရုံသာဖြစ်​​ပေမဲ့ တစ်​ဖက်​သားကို ဖိနှိပ်​နိုင်​တဲ့
ထူးဆန်းတဲ့ခံစားချက်​​တွေ ​ပေးနိုင်​လေသည်​။သူ့ရဲ့
တည်ရှိမှု​ကြောင့်​ပဲ ကားထဲမှာ အလွန်​အမင်း ​တိတ်​ဆိတ်​လာ၏။ယာဉ်​​မောင်းမှာ ထိုသူ့ကို အ​နှောင့်​အယှက်​ဖြစ်​​​စေပြီး ကန်​ထုတ်​ခံရမှာ ​ကြောက်​ရွံ့တာ​ကြောင့်​ ​လေသံ​တောင်
မထွက်​ဝံ့​ပေ။

ငယ်​ရွယ်​လှပတဲ့မျက်​နှာ​လေးနဲ့ အသက်​နှစ်​ဆယ်​အရွယ်
ကောင်​မ​လေးက ထိုသူ့​ဘေးမှာ ထိုင်​​နေခဲ့ပြီး..သူမက
ပန်း​နု​ရောင်​ ဝတ်​စုံ​လေးဝတ်​ဆင်​ထားကာ သူမရဲ့ဆံနွယ်​​တွေကို ​စည်း​နှောင်​ထား​လေသည်​။ဝတ္ထု​တွေကို ဖတ်​ဖို့ရာ သူမရဲ့ဖုန်းကို ယူလိုက်​ပြီး​နောက်​ ခဏအကြာမှာ သူမက ..
ရုတ်​တရက်​ ​ဘေးမှာရှိတဲ့သူဘက်​ လှည့်​ကာ အထက်
အောက်​ စုန်​ချည်​ဆန်​ချည်​ ကြည့်​လိုက်​​မိတော့သည်​။

Accidental Mark {Myanmar Translation}Where stories live. Discover now