For Zawgyi~
သရုပ်ဆောင်သင်တန်း
ထိုညမှာ ချန်ရှ အိမ်ပြန်ရောက်တာနဲ့ ကျိုယန့်ဆီက
အဆက်အသွယ်ရလိုက်၏။"ချန်ရှရေ..အစ်မ မင်းကို
သတင်းကောင်းပြောစရာရှိတယ်။ထျန်ရွှမ်းက အခု
လူသစ်တွေအတွက် သရုပ်ဆောင်သင်တန်းဖွင့်လို့လေ။
အစ်မ မင်းအတွက် စာရင်းသွင်းပေးခဲ့တယ်!"ဒီနေ့ ကြေညာချက်ကို မြင်တဲ့အချိန် ကျိုယန်တစ်ယောက်
တော်တော်လေးဇဝေဇဝါဖြစ်သွားခဲ့၏။ဒီသင်တန်းချိန်က
အရမ်းတိုက်ဆိုင်လွန်းနေတယ်မလား?ချန်ရှရဲ့လူရွေးပွဲ
မတိုင်ခင်ကြီးလေ?သင်တန်းက ထျန်ရွှမ်းရဲ့အနုပညာရှင်
အားလုံးအတွက်ဆိုတဲ့ အချက်ကြောင့်သာမဟုတ်ရင်...
သူ(မ)အနေနဲ့ ဒါကို Presidentဖေးက ချန်ရှအတွက်
အထူးတလည်စီစဉ်ပေးတာလို့ အထင်လွဲမိတော့မလို့။ကြေညာချက်ထွက်လာလာချင်းမှာပဲ အေးဂျင့်တွေက
သူတို့ရဲ့အနုပညာရှင်တွေကို စာရင်းသွင်းပေးဖို့ရာ
တက်တက်ကြွကြွ ပါဝင်လာကြပြီး။ကျိုယန်သည်ပင်
သူ(မ)လက်အောက်ရှိ လူသစ်လေး လေးယောက်ကို
နှစ်ခါပြန်တွေးမနေဘဲ စာရင်းသွင်းပေးခဲ့သည်လေ။ချန်ရှအနေနဲ့ ဒီအကြောင်းကို ကနေ့ နေ့လယ်တုန်းက
Presidentဖေးဆီက ကြားခဲ့ရပြီးသားမို့ ဒီအတွက်
ပြင်ဆင်ပြီးသွားလေပြီ။ချက်ချင်းဆိုသလို သူ့ဘက်က
ပြန်မေးလိုက်၏။"အစ်မယန်..သင်တန်းကဘယ်အချိန်
စမှာတဲ့လဲ?""သင်တန်းက မေလ ၂၃ရက်နေ့ကနေ ၂၉ရက်နေ့အထိ။
မင်းက ဇွန်လ ၁ရက်နေ့ဆို လူရွေးပွဲဝင်ပြိုင်နေရပြီလေ။
မနက်ဖြန်မနက် စာရင်းသွားပေးဖို့ အစ်မနဲ့သွားကြမယ်"
အဲ့ဒီနောက် ကျိုယန်က ချန်ရှဆီ သင်တန်းအချိန်ဇယား
ပို့ပေးလာလေသည်။"အရင်ဆုံး သင်ရမဲ့အချိန်ဇယားကို
ကြည့်ထားနှင့်။ဒီသင်တန်းကိုဖိတ်ခေါ်ထားတဲ့ဆရာတွေက
အသိုင်းအဝိုင်းထဲက ဝါရင့်သရုပ်ဆောင်တွေချည်းပဲ။
သူတို့က ကိုယ်တိုင်သင်ကြားပို့ချပေးမှာဆိုတော့ ဒါက
လူသစ်တွေအတွက် ကြီးမားတဲ့အကူအညီတစ်ရပ်ပဲ"
YOU ARE READING
Accidental Mark {Myanmar Translation}
RomanceAuthor-Die Zhiling Type-Web Novel(CN) Associated Name-意外标记 Total Chapter-95 Chapters Original Publisher-jjwxc >>This novel is not mine. All credits to original author and english translators! If you want to read this, you can read at novel update! [...