အပိုင်း[၂]

25.8K 1.1K 2
                                    

Unicode 🩺

" ဆောရီး ခန့်။ အကြာကြီးစောင့်လိုက်ရလား။ နင်ကလဲ အိမ်ထဲမှာတော့ လာထိုင်မစောင့်ဘူး"

"တော်ပါပြီ နင်လဲနောက်ကျစောစောထပြီး အလှပြင်တာလျှော့ဦး။ ဘယ်လိုပြင်ပြင် ဒီရုပ်ပဲကို အချိန်ကုန်ခံနေတယ်"

"နင်နော်!"

"ဟားဟားး စတာပါဟာ မျက်နှာကြီးကလဲ"

"မောင်းတော့ နောက်ကျနေမယ်!"

မင်းခန့်ထည် ကားပေါ်က ဆင်းလိုက်တာနဲ့ ကျောင်းဝန်းထဲမှာရှိတဲ့ မိန်းကလေးတွေရဲ့အာရုံကိုဖမ်းစားနိုင်သွားသည်။ အရပ်မြင့်မြင့် ရင်အုပ်ကျယ်ကျယ်နှင့် ဂျယ်လူးကာ နဖူးပေါ်အပြောင်သပ်တင်ထားသော ဆံနွယ်တို့ကြောင့် ယောက်ျားဆန်သောမျက်နှာမှာထင်းနေသည်။ ဘေးမှာပါလာသော ကျောလယ်ထိရှည်ပြီးဖြောင့်ဆင်းနေသည့် ဆံနွယ်တို့နှင့်  မှုံနံ့သာလှိုင်သည်လည်း မြန်မာဆန်ဆန်လေးနှင့် ကျက်သရေရှိသည်။ သူတို့နှစ်ယောက်က ကျောင်းရဲ့ the whole King & Queen.

အ!!

"ခန့်! နင်အဆင်ပြေရဲ့လား အရမ်းပူသွားလား"

"ရ..ရတယ်။ ဒီမှာ!  မင်းလူတစ်ယောက်လုံးလာတာ မမြင်ဘူးလား။ ပြီးတော့ ပူလောင်နေတဲ့ ခေါက်ဆွဲဘူးက လမ်းသွားရင်းစားသင့်တဲ့အရာမဟုတ်ဘူး"

"Sorry ...မင်းကိုမတွေ့လိုက်မိလို့။ ဒီမှာ ပိုက်ဆံ မင်းအင်္ကျီအသစ်ဝယ်ဝတ်လိုက်"

"မင်း.! ငါကအင်္ကျီဖိုးမတတ်နိုင်လို့ ပြောနေတာမဟုတ်ဘူးကွ။ နေရာမှာ တခြားလူ၊  ကလေးငယ်တွေ၊ မိန်းကလေးတွေနဲ့ တိုက်မိမှာစိုးလို့ပြောနေတာ !!"

ဒေါသထွက်နေသေးသောသူကြောင့် ပိုးမခ အိတ်ထဲက တစ်သောင်းတန် ဆယ်ရွက်လောက်ထက်ထုတ်ပြီး

"ဒီလောက်ဆို Brand shirt တစ်ခုခုဝယ်ဝတ်လို့ရပြီမို့လား"

"ဟာ!!!ဒီကောင်!!!"

"ခန့်ရယ် စိတ်လျှော့ပါ မတော်တဆဘဲကို" (မှုံ)

"တောက်ခ်! နောက်ခါ မင်းအဲ့လိုပုံစံလာမပြောနဲ့ ဒီမှာမင်းလုပ်စာ ဘယ်သူမှထိုင်စားမနေဘူး"

"လာပါဟာ သွားရအောင်။ နင့်င်္အကျီလဲဆေးရဦးမယ်လေ ခန့်ရယ်" (မှုံ)

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now