အပိုင်း[၃၅]

10.9K 583 28
                                    

Unicode 🩺

Moon Light ၏အငယ်ဆုံးသား မင်္ဂလာပွဲ ပျက်သည့် သတင်းနှင့်အတူ ထိုသားငယ်သည် Gay တစ်ယောက်ဖြစ်ကြောင်း သတင်းတွေပါ တက်လာခဲ့သည်။ စီးပွါးရေး လောက၏ ထိပ်ဆုံးဖြစ်သောကြောင့် လူအများက ထိုသတင်းတွေကို စိတ်ဝင်စားကြသည်။

ထိုသတင်းများထွက်ပြီး မကြာမီပင် ပိုးမခသည် မိသားစုမှ အမွေဖြတ် စွန့်လွှတ်ခြင်း ခံရသည်။ LGBT ကိုထောက်ခံ အားပေးကြသော လူများသည် ML အား မကျေနပ်ကာ ရှုတ်ချ ကြသည်။

ML ၏ ရှယ်ယာ စျေးကွက်များ မတည်မငြိမ် ဖြစ်လာကာ စီးပွါးရေးလောကအတွက် ကြီးမားသော လှိုင်းဂယက် ထမှုကြီးဖြစ်ပေါ်သွားသည်။အပြင်လောက၌ မည်မျှပင် မတည်မငြိမ် ဖြစ်နေစေကာမူ Japan တွင်ရှိနေသော ပိုးမခ နှင့် မင်းခန့်ထည် တို့၏ ဘဝလေးသည် သာယာချောမွေ့နေသည်။ 
ခန့်က အချိန်ပိုင်း အလုပ်ဝင်လုပ်ရင်း ကျောင်းဆက်တက်သည်။ သူကလည်း မမ စီစဉ်ပေးထားသော ဆေးရုံ တွင်အလုပ်ဝင်ပြီး Japan  ရှိ Companyကိုဆက်လက်ဦးစီးပေးနေသည်။

"ကိုကို စိတ်မကောင်းဖြစ်နေတာလား။ မောင်တောင်းပန်ပါတယ်"

မောင်သည် သူ့လက်ထဲရှိ Phone Screen မှမြင်နေရသည့် မြန်မာပြည်မှ သတင်းများကိုတွေ့သွားသဖြင့် သူ့ရင်ခွင်ထဲ ခေါင်းလေးတိုးဝှေ့ကာ ချွဲနေပြန်သည်။

"မောင်.! ကိုယ့်ကလေးလေးရေ ခေါင်းလေးထွက်ကြည့်ပါဦး။ ဒီကိုကိုက ကလေးလေးရဲ့မျက်နှာလေးကြည့်ချင်လို့လေ"

မောင်က မော့မလာ။ သူ့ရင်ဘတ်ထဲ ခေါင်းတိုးဝှေ့ပြီး..

"ဟေ့.မောင်! မင်းလက်တွေ ရပ်လိုက်နော်။ နေ့ခင်းဘက်ကြီး"

ဆူပုတ်ပုတ်လေသံဖြင့် ပြောလိုက်တော့ ရင်ခွင်ထဲကကောင်လေးက သူ့ကိုမျက်နှာငယ်လေးနှင့်မော့ကြည့်လာသည် ပြီးမှ.. သူခုနက ဖြုတ်ထားသည့် အင်္ကျီကြယ်သီးလေးတွေကို ဖြည်းဖြည်းချင်းပြန်တပ်ပေးနေသည်။

"ဟူး...တစ်ခါဘဲရမယ်"

ပိုးမခ ထိုသို့ပြောလိုက်တော့ ခုနကငယ်နေသည့် မျက်နှာလေးက ချက်ချင်းပင် မျောက်အုန်းသီးရသလို ပြုံးပျော်ပြီး ပိုးမခ ကို အုပ်မိုးလာသည်။

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now