အပိုင်း[၉]

13K 873 5
                                    

Unicode 🩺

"အဖွား အခြေအနေကောဘယ်လိုရှိလဲ။ သက်သာလာလား"

မင်းခန့်ထည် တစ်ဖက်လူမျက်နှာကို ထိုင်ကြည့်နေရမည့်တူတူ ဆေးရုံကပြောင်းသွားသည့် အဖွားသတင်းမေးလိုက်သည်။

"ကိုယ်နဲ့ အတူ သွားတွေ့မယ်လေ"

ပိုးမခ ချက်ချင်း ထပြီး ခန့်လက်ကို ဆွဲကာ ကားဆီပြန်လာခဲ့သည်။ ခန့်ကတော့

*Shit..! ငါ့လက်ကိုင်ရတာ တော်တော် ကြိုက်နေလားမသိဘူး*

ML ဆေးရုံသို့ရောက်ရှိလာသည်။ မနက် အစောကြီး ရောက်လာတဲ့ ပိုးမခကြောင့် ဝန်ထမ်းတွေ နည်းနည်းတော့ လန့်သွားသည်။ သို့ပေမယ့် သူတို့ရဲ့ ပိုးမခလေးက ဒီနေ့မနက်မှာ အပြုံးတွေ ဖောဖောသီသီပေးနေသည့်အပြင် သူလက်ဆွဲပြီးဝင်လာသည့် ကောင်လေးမှာလည်း ချောလွန်းသောကြောင့် မနက်ခင်း အလုပ်ချိန်တာဝန်ကျသည့် သူများ အတွက် အဆင်(၂)ယောက်အားငမ်းခွင့်ရခြင်းကြောင့် ရင်ထဲကြိတ်ပျော်နေကြသည်။

ဒေါက်—ဒေါက်

"အဖွား ကျွန်တော် ဝင်လာမယ်နော်"

မင်းခန့်ထည် တို့ဝင်လာတော့ အဖွားနားမှာ Nurse တစ်ယောက်ရှိနေပြီး အဖွားကလည်း အရင်ကထက် ပြည့်ပြီးမျက်နှာလေးလန်းနေသည်။

"အဖွားနေကောင်းရဲ့လား"

မင်းခန့်ထည် မေးလိုက်တော့ အဖွားကပြုံးပြပြီး

" အဖွားသက်သာပါတယ်။ မြေးနဲ့တောင် မတွေ့ရတာကြာပြီ"

"ခန့်..အဖွားနား ခဏနေပေးလိုက်ဦးနော်။ ကိုယ်အလုပ်လေးနည်းနည်းရှင်းပေးလိုက်ဦးမယ်။ ပြီးမှ တူတူပြန်မယ်"

ပိုးမခ ပြောပြီး အခန်းပြင်ထွက်လာခဲ့သည်။

"မြေးလေးက စိတ်ကောင်းရှိတဲ့ကလေးတစ်ယောက်ပါ"

"ဗျာ အဖွား"

"မြေးလေးတို့ နှစ်ယောက်အကြောင်းကို အဖွားလဲကြားပါတယ်။ ရှေးလူကြီးဆိုပေမယ့် အဖွားက လက်ခံပေးပါတယ်။ မြေးလေးပိုးမခ ကစိတ်ကောင်းရှိပြီး သားအပေါ် တကယ်ချစ်တယ်ဆိုတာ အဖွားသိပါတယ်"

ဆေးရုံလိုက်လာ ပါမှ အဖွားကပါအောင်သွယ် လုပ်သည့် အဖြစ်။ မင်းခန့်ထည် ပြုံးရုံသာ ပြုံးပြလိုက်ပြီး ဘာမှပြန်မပြောဖြစ်တော့။ ခဏနေ တော့ ဆရာပိုးမခ နဲ့တူတူ ရန်ကုန်ဆေးရုံကြီးသို့ ပြန်လာခဲ့သည်။

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now