အပိုင်း[၃၆]

9.8K 526 7
                                    

Unicode🩺

အချိန်နာရီတွေကုန်ဆုံးပြီးသွား၍ (၉)နှစ် ကြာသောအခါ

"ကိုကို.! ကိုကို ထတော့လေ"

"အင်း (၅)မိနစ်"

မနက်အစောကြီးထရလို့ လေယာဉ်ပေါ်မှာအိပ်ပျော်နေသည့် ကိုကိုသည် (၉)နှစ်ကြာသွားသည့်တိုင် မပြောင်းလဲ ချစ်ဖို့ကောင်းသည့် မျက်နှာလေးနှင့်ပင်။ မှတ်မိပါသေးသည် လွန်ခဲ့သည့် (၉)နှစ်က ကိုကိုသည် လေဆိပ်ကို ပွဲတက်သည့် အဖြူရောင်ဂါဝန်အရှည်၊ ဆံပင်အတုနှင့် သူ့ဆီအပြေးလာခဲ့သည့်ပုံလေး။ ယခုကျတော့ ပါးဖောင်းဖောင်းနှင့် အနည်းငယ် ပြည့်လာသော လက်မောင်းသားလေးတွေ ပေါင်သားလေးတွေနှင့်ကိုကိုသည် ဝတုတ်သည့် မွေးကင်းစကလေးတစ်ဦးနှယ်။

ပါးဖောင်းလေးကို နှာခေါင်းလေးနစ်ဝင်အောင် နမ်းလိုက်တော့ အိစက်နေသည့် အထိအတွေ့လေး။ ကိုကိုဟာလေ ကိုကြာနုကြီး ကြာလေနုလေ။ ဒီလိုလူကို သူ့မှာဘယ်စိတ်ချရပါ့မလဲ။

"အင်း မောင် ယားတယ်.."

ပိုးမခ၏ နားရွက်လေးကို ငုံ့နမ်းလာရုံတင်မက တတိတိကိုက်နေသော မောင်ကြောင့် အိပ်မရတော့ပေ။

"ချိုလိုက်တာ"

"ဟွန်း မောင်မို့ချိုတယ်ပြောနေတယ် ကိုယ်ရေမချိုးတာ (၃)ရက်တောင်ကို"

"ဒါက ကိုကိုဖြစ်နေလို့လေ"

ပြန်မလာခင် ပိုးမခ ဖျားသောကြောင့် ရေမချိုးရခြင်း။ ဖျားရတဲ့ တရားခံကလည်း မောင့်၏ ထိန်းမရသော နှာဘူးမီးတောက်ကြောင့်ပင်။ ပြောလျှင်လည်း "ကိုကို့တစ်ယောက်ကိုဘဲ ဘူးတာ" ဆိုပြီး ပြန်ပြောဦးမယ်။

ခဏအကြာတွင် လေယာဉ်သည် အမိမြေသို့ ဆိုက်ရောက်လာသည်။ မောင်က သူ့လက်လေးကို ဆွဲပြီး တစ်ဖက်က လွယ်အိတ်ကို ကိုင်ကာ ရှေ့ကနေဦးဆောင်သွားလေသည်။

အပြင်ထွက်လာသည်နှင့် မိမှုံနှင့် အဆု၏ ကောင်းမှုကြောင့် သူတို့ Shipper Pageမှ  ကလေးတွေက ပန်းစည်းလေးတွေ ကိုင်ပြီးစောင့်နေကြသည်။ မသိလျှင် နာမည်ကြီးမင်းသားတွေပြန်လာသလိုမျိုး။ ပိုးမခ လက်ကို နူးညံ့စွာကိုင်ပြီး ဝင်လာသည့် မောင်ကို  တွေ့တော့ ထအော်သည့် အသံက မနည်း။

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now