အပိုင်း[၁၆]

14K 881 32
                                    

Unicode 🩺

တဆစ်ဆစ် ထိုးကိုက်နေသော ခေါင်းနဲ့အတူ ပိုးမခ နိုးထလာသည်။ အရက်ဒဏ်မခံနိုင်သူမို့ မနက်ခင်းနိုးထလာရတာ လုံးဝအဆင်မပြေ။ တစ်ဆက်တည်းမှာပင် မနေ့ကအကြောင်းစဉ်းစားမိတော့ နာကျင်နေသည့် နှလုံးသားလေးက သွေးစက်လက် ကျနေဆဲ။ အလိုက်မသိသည့် မျက်ဝန်းကတော့ သာယာသည့် မနက်ခင်းကိုမျက်ရည်များဖြင့် နှုတ်ဆက်ကြိုဆိုနေသည်။

"ခခ!!"

အခန်းထဲ ဝင် လာချင်း ကုတင်ပေါ်တွင် ထိုင်လျက် ရင်ဘတ်ဖိငိုနေသည့် သူငယ်ချင်းဖြစ်သူကိုတွေ့တော့ တည်ကြည်ဟိန်း ပြာယာခတ်ပြီး ငိုနေသည့် ခခဘေးသွားလိုက်သည်။

"ဘာဖြစ်လို့လဲ။ခေါင်းကိုက်လို့လား ဟမ်.!"

"ဟင့်..ကိုဟိန်း ခန့်..ခန့်က.."

"ငါသိတယ် ငါသိတယ်။ အဆင်ပြေသွားမှာပါကွာ နော်"

သူ့ကိုဖက်ကာ ငိုနေသည့် သူငယ်ချင်းဖြစ်သူအား ကြည့်ရင်း သူစိတ်မကောင်းပေ။ ခခသည် မိဘတွေပစ်ထားသည့်ကြားက သူ့ဘာသာသူ သန်မာအောင်ကြိုးစားနေပြီး အဆင်မပြေတာကြုံခဲ့ရင်တောင် မျက်ရည်မကျဘဲ ကြိုးစားသည့်လူတစ်ယောက်။ ကိုဟိန်းနဲ့ သူငယ်ချင်းဖြစ်တာကြာပြီပေမယ့် ခခရှိုက်ကြီးတငင် ငိုတာကို ပထမဆုံးအကြိမ် အဖြစ်ယခုကြုံနေရခြင်း။

"ကိုဟိန်း..ငါဘာလုပ်ရမလဲ.ဟင့်"

"ငါပြောချင်တာကတော့ မင်းခန့်ထည် ဆီရောက်နေတဲ့ မင်းစိတ်ကို အတတ်နိုင်ဆုံးဖြတ်တော့ကွာ။ ဒီ့ထက်ပို နက်ရှိုင်းသွားရင် မင်းပိုပင်ပန်းရမှာ"

တည်ကြည်ဟိန်းပြောတော့ ပိုးမခသည် အလင်းရောင်ဝင်နေသည့် မှန်ပြတင်းပေါက်မှ တစ်ဆင့် မြင်နေရသည့် ကောင်းကင်ပြာကြီးကို ငေးကြည့်ရင်း

"ချစ်တဲ့စိတ်က တားလို့မှမရတာ"

တိုးငြင်းစွာပြောရင်း မျက်ရည်တွေထပ်ကျလာပြန်သည်။

အချိန်အတန်ကြာငိုပြီးသည့် အချိန်မှာတော့ ခခသည် အရက်ဒဏ်ကြောင့် ရော ငိုရသည့် ဒဏ်ကြောင့်ပါ လူကအဖျားသွေးရှိလာသည်။

"တွေ့လား ဖျားပြီ။ နောင်လေး ငါ့ကို ဧည့်ခန်းဗီဒိုနားက ဆေးသေတ္တာယူပေးကွာ"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now