အပိုင်း[၂၂]

12.9K 748 29
                                    

Unicode 🩺

"ကိုကိုရေ..ကိုကို..!"

"မောင်...ကိုယ်ဒီမှာလေ ဘာဖြစ်လို့လဲ"

"ကိုကိုပြန်ရောက်ရင် ရေချိုးမှာလား မေးမလို့"

"ချိုးမယ်လေ မောင်ရဲ့"

"ဟုတ် ဒါဆိုမောင်ပြန်နှင့်ပြီနော် လမ်းမှာဂရုစိုက်ပြန်လာ။ တာ့တာ"

"အမ်..အင်း တာ့တာ"

မင်းခန့်ထည် တာဝန်ကျသည့်အပိုင်းပြီး၍ လိန်းနိုတို့ အိမ်သို့အရင်ပြန်လာခဲ့သည်။ ညနေခင်းဖြစ်နေသည့်အတွက် ကိုလိန်းမန်ကလည်း အိမ်ပြန်ရောက်နေသည်။

"ကိုလိန်းမန် ဒီနေ့ပြန်ရောက်တာ စောသား"

"ယာထဲ အလုပ်စောပြီးသွားလို့ဗျ"

"ကောင်းပါတယ်။ ဒါနဲ့ ကျွန်တော့်ကို ထင်းနည်းနည်းလောက်ပေးလို့ရမလား"

"ဘာလုပ်မလို့လဲဗျ။ ကျွန်တော့်ကိုပြောလေ လုပ်ပေးမယ်"

"ရတယ်ဗျ။ ရေနွေးတည်ချင်ရုံပဲ"

"ဪ...လိန်းနိုကို တည်ခိုင်းလိုက်မယ် ကိုခန့် နားတော့"

"ထားပါဗျာ ကလေးကို မခိုင်းချင်လို့။ ကျွန်တော့်ဘာသာ သွားလုပ်ပြီဗျ"

ဘာလိုလိုနှင့် ခန့်တို့ ခရီးစဉ်လေးဟာ သဘက်ခါ ဆို ပြန်ရတော့မည်။ ကိုလိန်းမန်တို့ညီအစ်ကိုဟာလည်း တကယ်ခင်ဖို့ကောင်းလို့ သူတို့နှင့်လည်း မိသားစုရင်းလိုဖြစ်နေသည်။

ရေနွေး တည်ပြီး ကိုကိုပြန်လာရင် အဆင်သင့်ချိုးလို့ရအောင် ရေအေးနဲ့သေချာ စပ်ပေးနေသည်။ တစ်နေကုန်ကျန်းမာရေး စစ်ဆေးမှုတွေပြုလုပ်ပေးပြီး ခန္ဓာကိုယ်၌ပိုးသတ်ဆေးနံ့စွဲနေလျှင် လူပါ မလန်းဆန်းတော့။ ရေချိုးရန်ကျတော့လည်း ချင်းပြည်နယ် ရာသီဥတုက ယခုထက်တိုင် အေးစိမ့်ဆဲ။ သူကဖျားလဲ ကိစ္စမရှိပေမယ့် ကိုကိုက သူ့ထက်စာလျှင် သေးသေးကွေးကွေးလေးမို့ ခန့်ပို ဂရုစိုက်ရသည်။ စဉ်းစားရင်းနှင့်ပင် ကိုကိုက ဆရာဟိန်းနဲ့အတူ ပြန်လာပြီး ခန့်ဘေးနား ငုတ်တုတ်လာထိုင်သည်။

"ကိုကို ရေချိုးလိုက်ပါလား။ မောင်ရေနွေးစပ်ပေးထားတယ်။ လန်းသွားအောင်ချိုးလိုက်နော်"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now