Mee Lhyan & Si Thu(2)

5.4K 347 3
                                    

Unicode 🩺

"ကောင်လေး မင်းအလုပ်မသွားဘူးလား"

"ကျွန်တော် အလုပ်ပဲလာတာလေ"

"မင်းCompany မှားနေပြီကောင်လေး ဒါက Moon Light"

"ဟောဗျာ ကျွန်တော်က ဦးစည်သူရဲ့ CEO မမမိုးနဲ့ လာတွေ့တာပါခင်ဗျာ"

"ဟင်...CEO အချိန်စာရင်းထဲ ဒါမပါသေးပါဘူး"

"ဒါက Personal ကိစ္စလေဗျာ"

"အင်း အင်း"

ရုံးချိန်ရောက်တော့ စည်သူက CEO ရုံးခန်းရှေ့က အတွင်းရေးမှူးရုံးခန်းမှာ အလုပ်လုပ်သည်။ မီးလျှံသစ်ကတော့ CEO နဲ့ စကားပြောနေတာ ထွက်မလာသေးပေ။

"ကယ် ပြောပါဦး မီးလျှံသစ်။ အစ်မကို ဘာအကြောင်းထူးလို့လဲ"

"အစ်မကကျွန်တော့်အစ်မလိုဖြစ်နေတော့ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ တိုင်ပင်ချင်တယ်ဗျာ"

"ဆိုပါဦး ခခ ကိစ္စပဲလား"

"အင်း နည်းနည်းတော့ သက်ဆိုင်တယ်"

မိုးမခ သူရှေ့က ဝေခွဲရခက်နေပြီး စိတ်လှုပ်ရှားနေတဲ့ ကောင်လေးအတွက် ကော်ဖီ ပူပူလေးကို ထဖျော်ပေးလိုက်ပြီး

"အေးဆေးပြောလေ အချိန်တွေ အများကြီးကျန်နေသေးတယ်"

ဒီကောင်လေးက ပိုးမခ ဂရုစိုက်ဖို့ ပြောထားတဲ့ ကလေး။ ငယ်ရွယ်သေးတဲ့ အရွယ်မှာ အိမ်က ပြဿနာကောင်ကို ဒီကလေးက စွဲလမ်းမိလေရဲ့။ ဒီကလေး ဘာကြည့်ပြီး

စွဲလမ်းသွားတယ်မသိပါ။ ပိုးမခကတော့ ဒီကလေးကို သူ့ဘက်က ဒဏ်ရာတွေပေးပြီး ငြင်းထားတာမို့ မမက အစ်မအရင်းလို ဂရုစိုက်ပေးလိုက်ပါတဲ့လေ။ အဲ့ခခကလေ သူများတွေကိုသာ ချေမိုးပြနေတာ ဂရုမစိုက်တာလည်း မဟုတ်။

"အစ်မကို ပြောလဲ ပြောပြချင်တယ်။ ဒါပေမဲ့ မမိုးက ဒါမျိုး မကျွမ်းမှာလဲကြောက်တယ်...ကျွန်တော်လေ ခုရက်ပိုင်း စိတ်မမှန်တော့ဘူးထင်တယ်"

"အစ်မက စိတ်ရောဂါဘက်တော့ မကျွမ်းတာ အမှန်ပဲ"

"အစ်မကလည်း ပြောတာဆုံးအောင် နားထောင်ပါဦး"

"ကျွန်တော် ပိုးကို သိပ်ချစ်တာ အစ်မသိတယ်မို့လား"

"အင်း သိတာပေါ့"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now