အပိုင်း[၆]

15.2K 931 22
                                    

Unicode🩺

"ဆရာပိုးမခကော"

*ကျစ်! လာပြန်ပြီ ဒီလူနာ....ဘယ်လိုဖြစ်လို့ အဲ့လူကိုဘဲမေးနေတာလဲ*

စိတ်ထဲကရှုပ်သွားသော်လည်း ကိုယ့်လူနာကို ယခုလိုပြောလို့မဖြစ်။ ကိုယ်ကလဲ ဆရာဝန်မဖြစ်သေးသည့် အလုပ်သင်အဆင့်လေးဘဲရှိသေးတာလေ။

"ဆရာပိုးမခ ဒီနေ့ ခွင့်ယူထားပါတယ်"

"ဘာဖြစ်လို့လဲ"

"ကျွန်တော်လဲ မသိဘူးဗျ၊ လူနာ ဘာများလိုအပ်လို့လဲ"

"မလိုဘူး.!"

ပြောပြီးထွက်သွားသော လူနာကိုကြည့်ပြီး မင်းခန့်ထည်စိတ်ကိုရှည်ရှည်ထားရသည်။ ခန့်လဲ ကလေးကုသဆောင်ဘက်ကို ခြေဦးလှည့်လိုက်တော့သည်။

"ကိုကြီး ...ပိုးပိုးကော"

"အင်.? ပိုးပိုး..? ဆရာပိုးမခကို ပြောတာလား"

"ဟုတ်တယ်လေ ကိုကြီးရဲ့။ ဒီနေ့ သမီး ကို ဆေးရုံဆင်းမယ့်ရက်ပြောမယ်ဆိုပြီးတော့ ပိုးပိုးက ခုတော့မလာဘူး"

*ဒီနေ့မှ ဘာလို့ သူ့အကြောင်းဘဲမေးနေကြတာလဲမသိဘူး*

"ညီမလေး ဆေးရုံဆင်းမယ့်ရက်ကို ကိုကြီးကြည့်ပေးမယ်လေ..လာ"

"ဟုတ် ဟုတ်"

နေ့လည်ရောက်တော့ ဆရာတည်ကြည်ဟိန်းရောက်လာပြီးအလုပ်သင်တွေကို ကူပေးသည်။ နောင်နောင် ကဆရာ့နောက်ကွယ်မှာသာ ဆရာ့ကိုဘယ်လောက်ချစ်ကြောင်းတွေပြောပြီး စပ်စလူးထနေတာ ဆရာ့ရှေ့မှာတော့ တည်ငြိမ်ပြီး သူမဟုတ်တဲ့အတိုင်း။

"ပိုးပိုး!"

ကလေးကုသဆောင်မှာ တည်ကြည်ဟိန်း အလုပ်သင်တွေနှင့် ရှိနေတုန်း ကလေးမလေးတစ်ယောက်ခေါ်လိုက်သော နာမည်ကြောင့် ကြည့်လိုက်တော့ မုန့်ထုပ်တွေနှင့်အတူရောက်လာသည့်ပိုးမခ။

"ပိုးပိုးကို သမီးက စောင့်နေတာ"

"တောင်းပန်ပါတယ်ခင်ဗျ ပိုးပိုး နောက်ကျသွားပါတယ်။ သမီး ပိုးပိုးနား မကပ်နဲ့ဦး။ ပိုးပိုးနေမကောင်းတာ သမီးဆီ ကူးကုန်မယ်"

"ပိုးပိုး ဆေးသောက်ပြီးပြီလား"

"အင်းသမီးကောဆေးသောက်ပြီးပြီလား"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now