အပိုင်း[၃၉]

12.5K 512 0
                                    

Unicode 🩺

"ဖေဖေ.! တော့တာ.! ဦးနို တော့တာ!!"

ဒီနေ့ ရန်ကုန်သို့ ပြန်ရမည့်နေ့ ဖြစ်သည်။ လိန်းမန်နှင့် လိန်းနိုသည် သူတို့ကို ကလေးမြို့ထိ လိုက်ပို့ပေးသည်။ ဇလပ်လေးသည် အနည်းငယ် တိတ်ဆိတ်ပြီး ငြိမ်နေပေမယ့် လေယာဉ်ပေါ် တက်ခါနီးတွင်တော့ ကျန်ခဲ့သည့် အဖေနဲ့ ဦးလေးကို  စူးရှသော အသံကျယ်ဖြင့် နှုတ်ဆက်ရှာသည်။ အလာတုန်းက နှစ်ဦးခရီးစဉ်တွင် ယခုတော့ သူတို့ နှစ််ယောက်ကြားထဲ ဇလပ်လေးပါ လာလေသည်။

"ကိုကို...ဇလပ် အိပ်ချင်တယ်"

"အင်း ကိုကို့ပေါ် ခေါင်းမှီပြီး အိပ်လိုက်နော်"

"ဟုတ်."

သူ့လက်မောင်းလေးကို မှီကာ အိပ်ပျော်နေသာ ကလေးမလေး ကိုကြည့် နေရင်း သူ(မ)၏ ဂုတ်လောက်သာ ရှိသော ဆံပင်လေးကို သပ်ပေးနေသည်။ ဒါကို မောင်က မြင်တော့ ပိုးမခ နား , နားကပ်ကာ

"ကိုကို ပျော်တယ်မို့လား"

အပြုံးလေးနှင့် ခေါင်းညိတ် ဖြေရှာသော ကိုကိုသည် ဇလပ်လေးနဲ့အပြိုင် ချစ်ဖို့ကောင်းလှသည်။

ရန်ကုန်ပြန်ရောက်တော့ မေမေတို့ ကလည်း ဇလပ်လေးကို ဝိုင်းချစ်ကြသည်။ ဒါက ကိုကိုနဲ့ တူသည့် ဇလပ်လေး၏မျက်နှာမြင် ချစ်ခင်ပါစေ ဟူသည့် အချက်လေးပင်။

"ပိုးဇလပ်ထည်..။ ဇလပ်အဲ့နာမည် ကြိုက်လား"

"ကြိုက်တယ်ကိုကို။ ကိုကြီးလဲ ပြန်မလာသေးဘူးနော်ကိုကို"

"ကိုကြီးက ဒီနေ့ ဆေးရုံမှာ Night Duty ရှိတယ် ဇလပ်ရဲ့"

"ဟုတ်. ဇလပ် မနက်ဖြန်ကျောင်းအပ်ရမှာမို့လားဟင်"

"အင်း ကိုကိုတို့ လိုက်အပ်ပေးမယ်။ ဇလပ် စောစောအိပ်တော့နော်"

"ဟုတ်"

ဇလပ်လေး၏ နာမည် ကို သူတို့ စဉ်းစားပေးပါသည်။ ပြောင်းလိုက်လို့အဆင်မပြေလို့ အစ နှင့် အဆုံးမှာ သူတို့ နှစ်ယောက်၏ နာမည်ဖြင့် ပိတ်လိုက်ပြီး ပိုးဇလပ်ထည် ဖြစ်သွားသည်။

"မိဘနာမည်"

"မိဘ နာမည် မထည့်ပါဘူး။ ကျွန်တော်တို့က ကလေးရဲ့ အစ်ကိုတွေပါ။ ကျွန်တော်တို့ နာမည်ပဲ ထည့်လိုက်ပါ"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now