Unicode 🩺
"ဦးစည်သူ...ကျွန်တော့်ကို တကယ် မယုံဘူးလား"
"ဒီမှာ ကောင်လေး။ ငါ ယုံတာ မယုံတာထက် မင်းကိုယ့်ကိုယ်ကိုယ် သေချာရဲ့လား ပြန်တွေးကြည့်။ ငါနဲ့ မင်း ကြားမှာ မသေချာတဲ့ ကိစ္စတွေကြောင့် ပိုဝေးသွားမယ့် အဖြစ်မျိုး ငါမလိုချင်ဘူး။ ရှေ့ဆက်တိုးပြီး နာကျင်ရမယ့်အဖြစ်မျိုးတွေ ကြုံရမှာထက် ငါတို့တွေ ဒီတိုင်းပဲ နေတာကောင်းမယ်"
" ဦးစည်သူ ကျွန်တော့်ကို တကယ်မယုံဘူးပဲ။ ရှေ့ဆက်တိုးလဲ နာကျင်ရမယ့် အဖြစ်မျိုးမဖြစ်အောင် ကျွန်တော် ကြိုးစားမှာပါ။ ဦးစည်သူကို ဘယ်တော့မှာလက်မလွှတ်ရအောင် ကျွန်တော် ကြိုးစားမှာ"
"ငါ ထပ်မပြောချင်တော့ဘူး"
"ကျွန်တော့်ကို စောင့်နေပါ။ ဦးစည်သူကို သေချာပေါက် အပိုင် လာသိမ်းမှာမို့ စောင့်နေပါ"
မီးလျှံသစ် အိမ်သို့ ပြန်လာပြီး
"Daddy ကျွန်တော်ယောကျာ်းယူမယ်ဆို Daddy လက်ခံလား"
"ဘာ! ဘာတွေအရူးထနေပြန်ပြီလဲ။ လာနောက်မနေနဲ့ မီးလျှံသစ်!"
"တကယ် ပြောတာ Daddy. ကျွန်တော့်အတွက် ML ကအတွင်းရေးမှူး ဦးစည်သူကို တောင်းရမ်းပေးပါ"
"မရဘူး"
"Daddy မတောင်းပေးလဲ အချိန်တန်ရင် ကျွန်တော်က ဦးစည်သူကို အိမ်ပေါ် ဆွဲခေါ်လာမှာ"
"ဟာ! ဟေ့ကောင် မီးလျှံသစ်!"
*****
"ပိုး"
ပိုးမခ ကားပေါ် တက်ပြီး ခါးပတ် ပတ်ပြီးသည် ဆိုသည်နှင့် မီးလျှံသစ်က ကားကို စထွက်တော့သည်။ လမ်းတစ်လျှောက်လည်း တိတ်ဆိတ်နေသည်။
လေဆိပ်တွင် ကားရပ်လိုက်ပြီး ပိုးမခ ကားပေါ်က မဆင်းခင်
"လိုအပ်တာရှိရင် အချိန်မရွေးပြောပါ ကျွန်တော် ရှိနေပါ့မယ်"
"မင်းလည်း ကိုစည်သူနဲ့ အမြန်ဆုံး အဆင်ပြေပါစေ"
ပိုးမခ သတိထားမိနေသည့် သူတို့ အကြောင်းကို ထည့်ပြောတော့ ထိုကောင်လေးက အနည်းငယ် ပြုံးရယ်ပြီး
![](https://img.wattpad.com/cover/272967807-288-k678727.jpg)
ESTÁS LEYENDO
မောင်က ငါ့အပိုင် / ေမာင္က ငါ့အပိုင္(Completed)