အပိုင်း[၅]

15.7K 1K 7
                                    

Unicode🩺

"ဟိုဆရာကော"

မနက်က သောင်းကျန်းခဲ့သည့်လူနာကိုခန့်ကဆေးထိုးပေးနေတုန်း လူနာကမေးခြင်းဖြစ်သည်။

"ဗျာ ဆရာပိုးမခကို ပြောတာလား"

"အင်း"

"ဆရာ ပိုးမခ Duty ချိန်ပြီးလို့ ပြန်သွားပါပြီ။ လူနာဘာများလိုအပ်လို့လဲ"

"သူ့နာမည်က ပိုးမခ လား"

"ဟုတ်ပါတယ်ဗျ။ ကျွန်တော်ဆေး ထိုးပေးထားခဲ့ပါတယ်။ စောနကသောက်ထားတဲ့ဆေးကလည်း အိပ်ဆေးနည်းနည်း ပါလို့ ခဏနေ အိပ်ချင်လာပါလိမ့်မယ်။ ကောင်းကောင်းအနားယူပါ"

ခန့်လဲ ထိုလူနာ အခန်းထဲက ထွက်လာပြီး သူ့Duty coatချွတ်ကာ အိမ်ပြန်ရန် ကားပါကင် သို့လျှောက်လာသည်။ ဒီနေ့အချိန်ပိုင်း အလုပ်မရှိသောကြောင့် စာအုပ်ဆိုင် သွားရန်လဲ စိတ်ကူးထားသည်။ သို့ပေမယ့် သူ့ကားရှေ့မှာပိတ်ရပ်ထားသော ဆရာပိုးမခ ၏ ကား။

"ဆရာ.."

"လာပြီလား ကားပေါ်တက်"

"ခင်ဗျာ.."

"မတက်ဘူးလား.."

အေးစက်တဲ့အသံနဲ့ မျက်နှာက အခုနေ ခန့်သာ ကားပေါ်မတက်ဘူးဆိုရင် ထရိုက်သတ်မယ့်ပုံစံ။ ခန့်လဲ ဆရာနဲ့ ခဏလိုက်သွားပြီး ပြန်လာရင် ရတာဘဲဟုတွေးကာ ကြောက်ကြောက်လန့်လန့်နဲ့ ကားပေါ်တက်ပေးလိုက်ရသည်။

"ဟို..ဆရာ..ဘယ်သွားမလို့လဲ"

"ခန့် ကိုယ်တို့အခု ဆေးရုံမှာမဟုတ်ဘူးနော်။ ကိုယ့်ကို ဆရာလို့မခေါ်နဲ့"

"ဗျာ....."

ပိုးမခ မောင်းနေသော ကားကို ချက်ချင်းရပ်လိုက်ပြီး ခန့်ဘက်ကို လှည့်ကြည့်လာသည်။

"ဟူးးးကိုယ်ခန့် ကို ချစ်တယ်"

အံ့ဩပြီး ပြူးကြည့်နေတဲ့ ကောင်လေးရဲ့ မျက်နှာက တစ်ဖြည်းဖြည်းနဲ့ မျက်ခုံးတွေ တွန့်ချိုးလာကာ

"ဆရာ မနောက်ပါနဲ့။ ဒါမျိုးစနောက်မှုက စိတ်အနှောက်အယှက်ဖြစ်စေတယ်"

"ကိုယ်အတည်ပြောနေတာ ကိုယ်ခန့် ကိုချစ်တယ်"

"မရယ်ရတဲ့ စနောက်မှုကိုရပ်လိုက်တာကောင်းမယ်ဗျ။ ကားလိုက်စီးခွင့်ပေးတဲ့ ကျေးဇူးပါ"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now