အပိုင်း[၃၂]

8.8K 528 1
                                    

Unicode 🩺

"သားခန့် အဆင်ပြေရဲ့လားသား"

"ဟုတ် ပြေပါတယ် မေမေ"

"ဘယ်နေ့အိမ်ပြန်လာမလဲသား"

"သား နောင်နောင်တို့အိမ်မှာ ခဏနေဦးမယ်"

"အင်း ကျန်းမာရေးဂရုစိုက်နော်။ ဒီနေ့ မှုံလေးလာခေါ်မှာမို့လား"

"ဟုတ်တယ်မေမေ"

"ဂရုစိုက်သွားနော် သား"

ဒေါ်အုန်းခင် ဖုန်းချလိုက်ပြီး သက်ပြင်းချမိသည်။ သားခန့် အိမ်ပြန်မလာသည်မှာ ကြာပြီ။ ငယ်စဉ်တည်းက မိဘတွေ စိတ်ပူအောင် မလုပ်သူမို့ သားကိုယုံသည်။ သားက လုပ်သင့်လုပ်ထိုက်တာကိုသာ လုပ်မည်ဟုလည်းယုံကြည်သည်။ ယနေ့ သားပိုးမခ၏ စေ့စပ်ပွဲရက်ဖြစ်သည်။ သားတွေ အဆင်ပြေရဲ့လား။

မင်းခန့်ထည် ဖုန်းချလိုက်ပြီး screen ထက်က ပုံရိပ်လေးကို ဆွေးတမြေ့မြေ့ ကြည့်နေမိသည်။  အနောက်တိုင်း ဝတ်စုံ ပြည့်နှင့် ကိုကိုသည် သိပ်ကို ခန့်ငြားသည်။ ကိုကို့ဘေးနားက နေရာလေးသည် သူဖြစ်နေရမှာမဟုတ်လား။ အခုတော့....မိန်းကလေးတစ်ယောက်။

"ခန့်.ရေ  ငါရောက်ပြီ သွားမယ်"

"လာပြီ"

ခန့် , မှုံ နှင့်အတူ တစ်နေရာသို့သွားရန် လိုက်သွားသည်။

"အားလုံး အဆင်သင့်ဖြစ်ပါပြီ ညီမလေး။ နောက်(၂)ပတ်နေရင်သွားလို့ရပြီ"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်အစ်မ"

မှုံ စာရွက်စာတမ်းတွေ ကိုယူပြီး ပြန်ရန်ပြင်တော့ ဘေးနားက မလှုပ်မယှက် ထိုင်ကျန်နေသည့် မင်းခန့်ထည်။

"ဟဲ့!"

"ကိုကို"

ထိုင်ငိုင်နေသည့် သူသည် လန့်ပြီးယောင်သူက ကိုကိုတဲ့လား။ ဆရာပိုးမခ သည် ခန့်စိတ်အား အလွန်ပင် စိုးမိုးနိုင်လွန်းသည်။

"ခန့်ရယ်... ပြန်ရအောင် အကုန်ပြီးပြီ"

"အင်း အင်း"

"ခန့်, နောင်လေးတို့အိမ် မပြန်နဲ့ဦး အင်းယားကန်ဘောင်ခဏဝင်ရအောင်"

ခန့်၏ ပြိုလဲနေသည့် ပုံရိပ်ကို မေမေ့အား မမြင်စေချင်၍ နောင်လေးတို့အိမ်မှာ သောင်တင်နေခဲ့တာဖြစ်သည်။

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now