Unicode🩺
"သားရေ အိမ်ရှေ့က ဘာလဲ မသိဘူး။ သွားယူလိုက်ဦး"
"ဟုတ်"
ရန်လင်းနောင် စာဖတ်နေတုန်း အမေဖြစ်သူ၏ ပြောစကားကြောင့် အိမ်ရှေ့ထွက်လိုက်တော့ လူတစ်ယောက်က အိတ်တစ်ခုကို ကိုင်ကာ စောင့်နေသည်။
"ဘာကိစ္စရှိလို့လဲ မသိဘူးဗျ"
"သခင်ကြီးက ဖိတ်စာ ပို့ခိုင်းလိုက်လို့ပါ"
ပြောပြီး ထိုလူက သူ့အိတ်ထဲမှ ဖိတ်စာ (၂)ခုကို ထုတ်ယူလိုက်သည်။
"ဒါက ဒေါက်တာတည်ကြည်ဟိန်းနဲ့ မိသားစုအတွက်ပါ။ ဒါက ဒေါက်တာမင်းခန့်ထည်အတွက်ပါ"
"ဪ..ဟုတ်ကဲ့ ကျေးဇူးပါ"
နောင်လေး စာအိတ် (၂)ခုကို ကိုင်ကာ အထဲဝင်လာတော့ အမေက
"ဘာတဲ့လဲသား"
"ဖိတ်စာ လာကမ်းတာအမေရဲ့။ ခန့် အတွက်လဲပါတယ် ကျွန်တော်သွားပေးလိုက်ဦးမယ်"
အခန်းထဲ ဝင်သွားတော့ ခန့်က သူ့နည်းတူ စာအုပ်ဖတ်နေသည်။ အရင်ရက်တေကထက်တော့ ခန့်အခြေအနေပိုကောင်းလာသည်။
"ခန့် ဒီမှာ ဖိတ်စာရောက်နေတယ်"
"နောင်လေး!"
"ဗျာ"
အခန်းထဲ အလောတကြီး ဝင်လာသူက တည်ကြည်ဟိန်း။
"ဟာဗျာ ကိုဟိန်းကလည်း လန့်လိုက်တာ"
"လက်ထဲက ဟာတွေ ကိုယ့်ကိုပေး"
"အင်...ဘာလို့တုန်း"
"ကျစ်.! မြန်မြန်ပေးပါနောင်လေးရယ်"
"ဟုတ်"
"နောင်နောင် အဲ့တာငါ့ကိုပေး"
"ခန့်"
"ပေးလေကွာ"
ကိုဟိန်းကို တစ်ချက်ပြန်ကြည့်တော့လည်း ခေါင်း ညိတ်ပြသည်မို့ လက်ထဲမှ ဖိတ်စာကို ပေးလိုက်သည်။ ဖိတ်စာ အိတ်ကို ဖွင့်လိုက်ပြီး အထဲမှ ရွှေရောင်ကွတ်ထားသည့် စာလုံးလေးများသည် ခန့် ကမ္ဘာကြီးပြိုလဲသွားဖို့လုံလောက်ပါသည်။
ဒေါက်တာ ပိုးမခ နှင့် မမုန်းရိပ်ခြယ် တို့၏ မင်္ဂလာဧည့်ခံပွဲ
![](https://img.wattpad.com/cover/272967807-288-k678727.jpg)
KAMU SEDANG MEMBACA
မောင်က ငါ့အပိုင် / ေမာင္က ငါ့အပိုင္(Completed)