အပိုင်း[၂၄]

11K 663 14
                                    

Unicode🩺

"မေမေ သားပြန်ရောက်ပြီ"

"ပြန်ရောက်ပြီလား။  ခခလေးကော ပါလာတာဘဲ လာလာ မပြန်နဲ့ဦး။ မနက်စာ စားသွား"

မေမေက ကိုကို့ကို ချစ်သည့် အားလျော်စွာ ယခုလည်း သားလက်ကိုမဆွဲဘဲ ကိုကို့လက်ကို ဆွဲကာအိမ်ထဲသို့ခေါ်သွားသည်။

*မေမေကတော့လေ ပိုလိုက်တာ*

"ခခလေး ခရီးမှာပင်ပန်းခဲ့လား။ အန်တီက ခခလေးအဆင်မပြေမှာစိတ်ပူနေတာ။  သားခန့်ကကော ဂရုစိုက်ရဲ့လား"

"ပြေပါတယ် အန်တီရဲ့။ မောင်..ဟို..ခန့်ကလဲ ဂရုစိုက်ပါတယ်"

ရုတ်တရက် မောင်လို့ထွက်သွားသောကြောင့် ပိုးမခ လန့်သွားရသည်။ ချက်ချင်းပြန်ပြင်လိုက်သော်လည်း မောင်ကတော့ ပြုံးစိစိဖြစ်နေသည်။

"အန်တီ့အတွက် လက်ဆောင်တွေပါလာတယ်။ အန်တီကြိုက်မယ်လို့မျှော်လင့်ပါတယ်ဗျ"

ပိုးမခ ပြောရင်း မောင်သယ်လာပေးသော အထုပ်ကို အန်တီ့လက်ထဲသို့ပေးလိုက်သည်။

"တကူးတကကြီးသားရယ်။ ကျေးဇူးပဲနော်"

ဘာလက်ဆောင်မှဝယ်မလာသော သူ့ကိုမျက်စောင်းထိုးပြီးပြောလာသော မေမေကြောင့် ခန့်က ပါးနပ်စွာဖြင့်

"မေမေ...သားပစ္စည်းတွေ သွားသိမ်းလိုက်ဦးမယ်နော်....ကိုကိုလာ"

ကိုကိုလို့ခေါ်ပြီး လက်ကနေ ဆွဲသောကြောင့် ပိုးမခ ခန္ဓာကိုယ် တစ်ခုလုံးတောင့်ခဲသွားသလို။ မောင့်အခန်းထဲရောက်မှ

"မောင်..! ဘာလို့ ကိုကိုလို့ခေါ်လိုက်တာတုန်း.! အန်တီရှိနေတာကို"

"ကိုကိုက ကိုကိုမို့လို့ ကိုကိုလို့ခေါ်တာလေ။ ကိုကိုကမကြိုက်ဘူးလား"

ကိုကိုချင်းထပ်နေအောင်ကို ပြန်ခေါ်နေသည့်မောင်ဟာ ခုလိုကျ ကလေးဆန်ပြန်သည်။

"မောင်ကတော့လေ တကယ့်ကလေးလေး"

မောင်က အသံထွက်အောင်ရယ်ပြီး သူ့နားကပ်လာကာ..မောင့်မျက်နှာက တဖြည်းဖြည်း သူ့ဆီကပ်လာသည်။ ပိုးမခ လန့်ကာ မျက်စိစုံမှိတ်ပြီး

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now