အပိုင်း[၂၈]

9.6K 598 16
                                    

Unicode 🩺

"ကိုယ် Japanese class အတွက် မောင့်ကို သင်တန်း ဒီနေ့လိုက်အပ်ပေးမယ်"

"ကိုကို အားလို့လားဗျ"

"မောင့်အတွက်ဆို တစ်ဘဝလုံးအားတယ်"

"ကိုကိုကဗျာ..."

မကြာခင် ဘွဲ့ယူရတော့မည့် မောင့်အတွက် Japan မှာကျောင်းဆက်တက်ဖို့ ပိုးမခ မနည်းနားချလိုက်ရသည်။ ကိုကိုနှင့်မခွဲနိုင်ဘူး ဟုဆိုကာ မသွားချင်ဖြစ်နေသော မောင်သည် ဖေဖေ့၏ Japan မှာကျောင်းဆက်မတက်လျှင် သဘောမတူဘူးဟူသော ရာဇသံကြောင့် လက်ခံလိုက်ရသည်။ ဒါတောင် မကျေနပ်သည့်မောင့်အား

*ကိုယ်လဲ ခဏခဏမောင့်ဆီလာပါ့မယ်* ဟုပြောကာ ဖြေသိမ့်ပေးထားရသည်။ (၅)နှစ်တောင် ကျောင်းသွားတက်ရမည့်မောင့်အား မခွဲချင်ပေမဲ့ မဖြစ်သင့်ပေ။

သင်တန်းအပ်ပေးပြီး မောင်နဲ့အတူ ပိုးမခ၏အိမ်သို့ပြန်လာခဲ့သည်။ ဒီနေရာလေးသည် မောင်နှင့် သူ့ရဲ့အချစ်ဗိမ္မာန်လေး။ မောင်မရှိသည့် ရက်တွေမှသာ မမတို့ဆီသို့ပြန်ဖြစ်လာသည်။ မောင်ရှိရင်တော့ ဒီမှာဘဲ နှစ်ယောက်သား တစ်တီတူးနေတာ။

"ကိုကို ဗိုက်ဆာနေပြီလား"

"အင်း ခဏနေမှစားမယ်လေ"

"ဟုတ်ပြီ မောင်ဟင်းချက်လိုက်မယ်"

ပြောပြီး မောင်က ပိုးမခ နဖူးလေးကို နမ်းကာ မီးဖိုခန်းဝင်ပြီး အေပရွန်ဝတ်နေသည်။ ပိုးမခ အကြံရကာ မောင့်နောက်သို့ လိုက်ပြီး

"မောင်"

"ဗျာ..ဗျ"

"ကိုယ် ဒီညဟင်းချက်ချင်တယ်"

"ဟင်..မရပါဘူး။ မောင်ပဲလုပ်မယ်"

"ကိုယ်က မောင့်ကို ချက်ကျွေးချင်လို့ပါဆို"

"မရဘူးကိုကို မောင်ဘဲဟင်းချက်မယ်။ မောင်ဘဲ ပန်းကန်ဆေးမယ်။ မောင်ဘဲအဝတ်လျှော်မယ်။ မောင်ဘဲအကုန်လုပ်မယ်"

"မောင်ကလည်းကွာ ကိုယ် အများကြီးမလုပ်ဘူးလေ။ ဟိုဟာ ကြက်ဥ.! ကြက်ဥဘဲကြော်မယ်လေ"

"ဟူး..! ကိုကိုရာ တစ်ခါမှလုပ်ဖူးတာမှမဟုတ်တာ"

"မောင်ကလည်း....နော်"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now