အပိုင်း[၁၇]

14.5K 881 9
                                    

Unicode 🩺

"ကိုခန့်.! အဆု ပြောစရာရှိတယ်"

*ဟာ!! သွားပြီ။ အဆုရှိတာ ငါဘာတွေလုပ်နေတာလဲ*

ဆုရဝေ၊ ခန့်အား ဆေးရုံ၏ ပန်းခြံလေး သို့ခေါ်လာသည်။ ပုဂ္ဂလိကဆေးရုံ၏ ပန်းခြံဖြစ်လို့ ပိုသန့်ရှင်းသပ်ရပ်ပြီး လမ်းလျှောက်တဲ့ လူနာအချို့နဲ့ သူနာပြု အနည်းငယ်သာရှိသည်။ အဆု တို့ ခုံတန်းလေးတစ်ခုမှာထိုင်ပြီး

"အဆု.! ခုနက ကိုယ်..."

"အဆုသိတယ်."

မင်းခန့်ထည် လန့်သွားရသည်။ သူ့ဘေးနားက အဆုက ခုနကတုန်းကကျတော့ စိတ်ဆိုးနေတဲ့ပုံဖြစ်ပြီး ခုတော့ တစ်ခုခုကိုစဉ်းစားပြီး ငေးနေပုံ။

"ကိုယ်.တောင်းပန်ပါတယ်"

"ဘာလို့!! သားလေး ခခကို သူများလက်ထဲအပါပေးလိုက်တာလဲလို့။ ကိုခန့်ရူးနေလား!!!"

"ဟမ်..."

ခန့် ထင်ထားသည်က အခုချိန် မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ချစ်သူ စိတ်ယိုင်နေတဲ့ ပိုးမခကို မုန်းနေရမှာမဟုတ်ဘူးလား။

"ကိုခန့်!! ခုထိ မသေချာသေးဘူးလား!! ကိုခန့် သားလေးပိုးမခကို ချစ်နေတာလေ။ ကိုခန့်ကွာ ! အဆုသာ ကိုခန့်နေရာမှာဆို သားလေးလိုကလေးကို ဖူးဖူးမှုတ်ထားပြီ"

* သားလေး? ကလေး? ဖူးဖူးမှုတ်?*

ကော်ရှင်မတ် ပေါင်းများစွာမင်းခန့်ထည် ခေါင်းထဲတွင်လည်နေသည်။ အခု အဆုက ပိုးမခကို စိတ်မဆိုးတဲ့အပြင် ပိုးမခ ဘက်ကတောင်ကာပြောပြီး ခန့်ကို အားမရဖြစ်နေသည်။

"အဆု..ဘာမှမဖြစ်ဘူးလား။ ပုံမှန်ဆို သဝန်တိုပြီး စိတ်ဆိုးတာဖြစ်ရမှာမဟုတ်ဘူးလား"

"ဘာလို့ဖြစ်ရမှာလဲ..ဒီမှာ ကိုခန့် အဆုပြောပြမယ် သေချာနားထောင်"

အဆုက တည်ကြည်လေးနက်သည့် မျက်ဝန်းများဖြင့် ခန့်ကို ကြည့်ပြီးပြောလာသောကြောင့် ခန့်ခေါင်းညိတ်ပြလိုက်သည်။

"ကိုခန့် အဆုကို သဘောကျတယ်ဆိုပြီး ပြောတယ်။ အဆု ကိုခန့်ကိုအဖြေပြန်ပေးခဲ့တယ်။ ဘာလို့လဲသိလား"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Tempat cerita menjadi hidup. Temukan sekarang