Unicode 🩺
"ဘာ.! မီးလျှံသစ် အလုပ်ကိုလာတယ် ဟုတ်လား"
"ဟုတ်ပါတယ် သခင်ကြီး။ ဆေးရုံဆင်းပြီးတည်းက သခင်လေးအလုပ် လုပ်ဖို့ ပြင်နေတာပါ"
"ဟ..မွေးထားတဲ့ ဖအေကိုယ်တိုင်တောင် ထိန်းမရတဲ့ ကောင်ကို ဘယ်သူက လိမ္မာအောင်ပြင်ပေးလိုက်တာလဲ"
"ကျွန်တော်လဲ မသိပါဘူး သခင်ကြီး။ အခုသခင်လေးက ကောင်းသောပြောင်းလဲခြင်းနဲ့ ပြောင်းလဲလာတာပါဘဲ"
"အေးကွာ..အဲ့လိုဆိုတော့လဲကောင်းတာပေါ့။ ML နဲ့ပူးပေါင်းရေး ဆွေးနွေးပွဲ အဆင်ပြေလား"
"ဟုတ်ကဲ့ ML ရဲ့CEO မမိုးမခ ကမနက်ဖြန် နေ့လည် အတွက်အချိန်ပေးထားပါတယ်"
"အဆင်ပြေပြီပေါ့ ။ နောက်ဆုံးတော့ ML နဲ့ပူးပေါင်းလို့ရပြီ"
Yan Group ရဲ့ ဥက္ကဥ ဦးမိုးယံမှာ မီးလျှံသစ် ဆိုသည့် မိတဆိုး သားလေးတစ်ယောက်ရှိသည်။ စီးပွါးရေး ဂရုစိုက်နေရသောကြောင့် သားဖြစ်သူကို အချိန်သိပ်မပေးနိုင်ခဲ့။ ဂရုစိုက်ပေးမယ့် မိခင်လဲ မရှိတာကြောင့် သားဖြစ်သူမှာ အဆိုးလေးဖြစ်နေသည်။ ဟိုတနေ့ကလဲ သူလိုချင်သည့် ကားမဝယ်ပေးလျှင် ခုန်ချလိုက်မည်ဆိုကာ ရုန်းရင်းဆန်ခက်ဖြစ်ပြီးလှေကားပေါ်က ပြုတ်ကျခြင်း။ ကားမဝယ်ပေးဘူးဆိုသည်မှာလဲ သူတောင်းသည့်ကားကသူ့မောင်းပုံနှင့်ဆို ယာဉ်တိုက်မှုဖြစ်မှာ မလွဲ။ ယခုလိုပြောင်းလဲ သွားတော့လဲ ဦးမိုးယံ စိတ်အေးရတာပေါ့။
*****
"ကိုခန့် မနက်ဖြန် အဆုတို့ရန်ကုန်ပြန်လာတော့မယ်"
"ဟာ..တကယ်လား။ ကိုယ်လေဆိပ်လာကြိုပေးမယ်"
"အင်း ညနေခင်းလေယာဉ်နဲ့ ပြန်လာမယ် ကိုခန့်။ အချိန်အတိအကျ mail ပို့လိုက်မယ်"
"အင်း ကိုယ်စောင့်နေမယ်"
ဆုရဝေ ..ဟုခေါ်သော ကလေးမလေး ။ ခန့် နဲ့ မှုံက မောင်နှမအရင်းလိုခင်ရတဲ့ ရွယ်တူ သူငယ်ချင်းဆို ဆုရဝေက ခန့်တို့ရဲ့ ညီမအငယ်ဆုံးလေး။ ၈တန်းနှစ်မှာဘဲ မိဘတွေက စီးပွါးရေးကြောင့် ဘန်ကောက် ပြောင်းသွားသောကြောင့် အဆုနဲ့ ခန့်တို့ဝေးရသည်။ အမှန်ဆို ခန့် အဆုကိုလွမ်းသည်။ ချစ်တာလဲပါတာပေါ့။ ညီမလေးလိုကော ကောင်မလေးတစ်ယောက်လိုကော ခန့် ချစ်မိပါသည်။ အဆုက ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ပဲလေ။
![](https://img.wattpad.com/cover/272967807-288-k678727.jpg)
KAMU SEDANG MEMBACA
မောင်က ငါ့အပိုင် / ေမာင္က ငါ့အပိုင္(Completed)