အပိုင်း[၃၄]

10.2K 573 15
                                    

Unicode🩺

ပိုးမခ၏မင်္ဂလာပွဲနေ့...တစ်နည်အားဖြင့်...ခန့် ဂျပန်သို့သွားမည့်နေ့

သတို့သား အဝတ်အစားပြင်ခန်းတွင် ငေးငိုင်ကာ အတွေးလွန်ပြီး အသိမရှိသည့် လူသားတစ်ဦးကဲ့သို့ ထိုင်နေသည့် သတို့သားရှိနေသည်။ အပြင်အဆင်သည် ပြီးပြည့်စုံနေသော်လည်း သတို့သား၏ ညို့မှိုင်းပြီးအသက်မဲ့နေသောမျက်နှာကြောင့် အနည်းငယ် အကျည်းတန်နေသည်။

ထိပ်တန်း စာရင်းဝင် သူဌေးကြီးများ၏ သားသမီးမင်္ဂလာပွဲဖြစ်သောကြောင့် မင်္ဂလာပွဲသည် အလွန်ပင် ခမ်းနားကြီးကျယ်လှသည်။ ကြွရောက်လာကြသည် များကလည်း အထက်တန်းလွှာ လူကြီးလူကောင်းများနှင့် နာမည် ကြီး သတင်းစာ တိုက်များသာ ဖြစ်သည်။

"ကြီးမေ ခခ အဆင်သင့်ဖြစ်ပြီလား"

"ဖြစ်နေပြီ သမီး"

"ခဏဝင် စကားပြောလိုက်ဦးမယ် ကြီးမေ"

မိုးမခ အခန်းတံခါးဖွင့်လိုက်တော့ ပြတင်းပေါက်မှ တစ်ဆင့် အပြင်ဘက်ကောင်းကင်ကို ငေးမောကြည့်နေသည့် မောင်ဖြစ်သူကိုတွေ့ရသည်။ အသက်မဲ့နေသည့် မျက်ဝန်းများဟု ရုတ်တရက်ကြည့်သူတွေ ထင်နိုင်ပေမယ့် မိုးမခ ကတော့သိသည်။  ဒီမျက်ဝန်းလေးတွေက တုန်လှုပ်နေပြီး တစ်စုံတစ်ဦးဆီက အကူအညီတောင်းခံနေသည့် မျက်ဝန်း။

"ခခ အင်္ကျီချွတ်လိုက်"

ရုတ်တရက်ရောက်လာပြီးပြောသည့် စကားကြောင့် ပိုးမခ ကြောင်အမ်းနေတုန်း

"ဘာလုပ်နေတာလဲ လေယာဉ်ချိန်နောက်ကျနေမယ် မြန်မြန်ချွတ်"

"ဟု..ဟုတ်"

မိုးမခ သူဝတ်ထားသည့် ပွဲတက် အဖြူရောင် ဂါဝန်အရှည်ကို ချွတ်လိုက်ကာ ပိုးမခ၏ သတို့သား ဝတ်စုံကို ပြောင်းဝတ်လိုက်သည်။ ကြိုတင် ပြင်ဆင်ထားသည့် ဆံပင် အတုအား စွတ်ကာ..

"နင် ဒါဝတ်လိုက်"

ပိုးမခ သူ၏လက်ထဲ ရောက်လာသော ဂါဝန်အရှည်ကို ယူရနိုးနိုး ဖြစ်နေသည်။

"နင် ဒါဝတ်မှ ထွက်လို့ရမှာနော်"

"တခြားဟာ.."

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now