အပိုင်း[၁]

62.4K 1.7K 5
                                    

Unicode🩺

"CEO.!အစ်ကိုလေး... အစ်ကိုလေး ရဲစခန်းရောက်နေပါတယ်"

"ဘာ.!!!ထပ်ဖြစ်ပြန်ပြီလား..ဘယ်လိုဖြစ်ရတာလဲ"

"ပန်းခြံမှာ လူတစ်ယောက်ရဲ့ခေါင်းကိုထုလို့တဲ့"

"ကိုမြတ်မင်း (မိသားစုရှေ့နေ) ကိုဖုန်းလှမ်းဆက် စည်သူ"

"ဟုတ်ကဲ့ ကိုမြတ်မင်းခေါင် ကိုဆက်ပြီးပါပြီ။ ဒါပေမဲ့ဒီတစ်ခေါက် မိသားစုခံဝန်ချက်လိုလို့တဲ့။ ပြီး..ပြီးတော့...အစ်ကိုလေး အဲ့ရဲစခန်းကိုရောက်တာ ဒါနဲ့ဆို ၆ခေါက်..မြောက်"

"ကျစ်!! ကားပြင်လိုက်"

"ဟုတ်ကဲ့CEO"

Moonlight group (ML)ရဲ့ CEO မိုးမခ ။မိန်းမတစ်ယောက်ဖြစ်နေသည့်တိုင် သူ(မ)ရဲ့ ထက်မြက်မှုကြောင့် ML group က မြန်မာတစ်နိုင်ငံတစ်ဝန်းရှိCompany တွေရဲ့ထိပ်ဆုံးမှာ ရပ်တည်နေနိုင်သည်။ ငါးနှစ်ငယ်သည့်မောင်လေး ပိုးမခ ရှိသည်။မိဘနှစ်ပါးလုံးကလဲ သူ့Company နဲ့သူ ဦးစီးလုပ်ကိုင်နေကြသူများဖြစ်သည်။

"မမိုးကို လာခိုင်းရလို့တောင်းပန်ပါတယ်။ ဒီတစ်ခေါက်က ကျွန်တော်လဲဘယ်လိုမှ မတတ်နိုင်တော့လို့ပါ"

"ရပါတယ် ကိုမြတ်မင်း...ဒါဆို ကျွန်မတို့ပြန်လိုက်ပါဦးမယ်။ ကျေးဇူးတင်ပါတယ်"

"ဟုတ်ကဲ့"

မိုးမခ ပြောပြီး အနောက်မှာ ရပ်နေသော စတိုင်အပြည့်နှင့် တစ်လောကလုံးသူလုပ်ကျွေးထားရသလိုမျက်နှာမျိုးဖြစ်နေသည့် မောင်ဖြစ်သူ ပိုးမခ ကို ကားပေါ်တက်ခိုင်းလိုက်သည်။ ကားပေါ်ရောက်မှသာ.

"အား!!! မမ နာတယ်လို့။ နင့်လက်သည်းအရှည်ကြီးနဲ့!"

"ခွေးကောင်လေး နင်မွှေလို့မပြီးသေးဘူးလား ဟမ်!!"

"အဲ့ကောင်တွေက အရင်တစ်ပတ်အုပ်စုလိုက်လာတုန်းက ငါ့ကို ရန်စသွားတာလေ။ အခုတစ်ယောက်ချင်းလူခွဲပြီး ငါပြန်ဖြဲနေတာ"

"အေး. နင်ကဖြဲနေလိုက်။ နောက်ကလိုက်ရတဲ့လူသေတော့မယ်..စည်သူ အိမ်တော်ကိုတန်းမောင်း!"

မောင်နှမနှစ်ယောက်ရဲ့ တင်းမာနေသော အခြေအနေကြောင့် စည်သူမှာ အမြီးတောင်မလှုပ်ရဲ။

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now