အပိုင်း[၃၁]

8.8K 527 7
                                    

Unicode🩺

"ဘာကိစ္စလဲ"

"အင်း Daddy ကလည်း အဲ့လိုလိုရင်းတိုရှင်းဘဲကြိုက်တယ်။ Daddy ပြန်လာတာ မင်းကို မုန်းရိပ်ခြယ် နဲ့စေ့စပ်ပွဲလုပ်ပေးဖို့"

"ကျွန်တော် လက်မခံဘူး"

"မင်းလုပ်ရပ်တွေ Daddy အကုန်သိတယ်။ မင်းရဲ့ မှားနေတဲ့လမ်းကို ရပ်တန်းက ရပ်ရမယ်"

"ဟုတ်တယ် ပိုးမခ။ မင်းကြောင့် Mommy တို့ အလုပ်တွေ ပစ်ထားပြီး ချက်ချင်းပြန်လာရတာ"

ဧည့်ခန်းထဲသို့ Mommy ပါ ဝင်လာပြီး ပြောခြင်း။ ဆိုတော့ (၂)ယောက်လုံး ပြန်ရောက်နေကြတာပေါ့။

"တစ်သက်လုံး ပစ်ထားခဲ့ကြတာဘဲ။ ဘာလို့ အခုမှ ပြန်လာတာလဲ!ဟမ်! ဘာလဲ ခင်ဗျား တို့ အရင်းအနှီးအတွက် သားသမီးနဲ့ အလဲအလှယ် လုပ်ရဦးမှာမို့လား"

"ပိုးမခ! မင်း ငါတို့ စေတနာကို မစော်ကားနဲ့"

"Daddy တို့ စေ့စပ်ပွဲကိုလည်း သဘောမတူသလို အဲ့မုန်းရိပ်ခြယ်ကိုလဲ လက်မထပ်နိုင်ဘူး"

ပြောပြီး အိမ်ထဲက ထွက်ဖို့ ခြေလှမ်းပြင်နေသော ပိုးမခ သည် Daddy ၏စကားတစ်ခွန်းကြောင့် ရပ်တန့်သွားရသည်။

"မင်း ဒီက တစ်လှမ်းထွက်တာနဲ့ မင်းခန့်ထည် ရဲ့ အနာဂတ် ပညာရေး ပျက်ပြီလို့မှတ်လိုက်"

စကားသံနှင့်အတူ Daddy ၏ Bodyguard များစွာသည် အိမ်ထဲ ဝင်ရောက်လာသည်။

"တောက်ခ်!ခင်ဗျား!"

"Daddy တို့ကို လွန်ဆန်ဖို့ မကြိုးစားစမ်းနဲ့ ပိုးမခ။ Daddy ဘယ်လောက်ထိလုပ်နိုင်လဲမင်းသိပါတယ်။ ကောင်လေးတစ်ယောက်ရဲ့ ပညာရေးလမ်းကြောင်းကို ပိတ်ပင်ရတာ Daddy အတွက်တော့ သိပ်လွယ်တဲ့အလုပ်တစ်ခုပဲ"

"ဟာဗျာ!"

ဘေးနားရှိ အလှတင်ပန်းအိုးကို ပစ်ပေါက်ခွဲလိုက်သော ပိုးမခ။  အပြင်ထွက်မယ်လုပ်တော့ Daddy ကိုယ်ရံတော် ခွေးတစ်သိုက်နှင့် တစ်ပွဲနွှဲရသေးသည်။

ဒုန်း.!

"သူ့ကိုအပေါ်ထပ် သယ်သွား"

"ဟုတ်ကဲ့ သခင်ကြီး"

ဧည့်ခန်းထဲက လူတွေအကုန် ထွက်သွားတော့ သခင်ကြီးနှင့် သခင်မကြီး နှစ်ယောက်သာ ကျန်ခဲ့သည်။

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now