အပိုင်း[၃၈]

8.7K 514 2
                                    

Unicode 🩺

"ကိုကို ... ကိုကို ထတော့လေ။ မောင်တို့ တိမ်ပင်လယ်ကြည့်ရဦးမယ်"

"အင်း"

အပျင်းသံလေးနှင့် အသံပြုလာသော ကိုကိုသည် မျက်လုံးတို့ မပွင့်သေး။ မင်းခန့်ထည် ပြန်လှဲအိပ်လိုက်ပြီး ကိုကို့ ရင်ခွင်ထဲ ခေါင်းအတင်းတိုးဝင်တော့။ ကိုကို့ရဲ့ မပွင့်တပွင့်မျက်လုံးလေးတွေနှင့်အတူ ပြုံးကြည့်လာပြီး

"မောင်က ချစ်ဖို့ကောင်းလိုက်တာ" တဲ့။

သူ့ဆံပင်ထဲ ခေါင်းလေး တိုးဝှေ့နေတဲ့ ကိုကိုပါလေ။

"မထချင်သေးဘူးလား"

"အင်း"

"မောင်ချီပေးမယ်"

"မောင့်သဘော"

မင်းခန့်ထည် အပျင်းတစ်နေသူလေးကို ပွေ့ချီလာပြီး တဲအပြင်ထွက်လာတော့ အနည်းငယ် များနေသည့် လူတွေကြောင့် ရင်ခွင်ထဲက ကိုကိုက ရှက်ပြီး ဆင်းမယ် လုပ်လာသည်။

"ကိုကို..ငြိမ်ငြိမ်နေလေ။ ပြုတ်ကျသွားမယ်"

"ဆင်းတော့မယ်"

"မရပါဘူး ကိုကို့မျက်နှာ မောင့်ရင်ခွင်ထဲ ဖွက်ထား"

သူ့ရင်ခွင်ထဲ ပိုတိုးဝင်လာတဲ့ ကိုယ်လေးကို မပြုတ်ကျအောင် ပွေ့ချီလာခဲ့သည်။

လူအားလုံး တိမ်ပင်လယ် ကြည့်နေသော်လည်း ပိုးမခနှင့် မင်းခန့်ထည် သည် လွန်ခဲ့သည့် (၉)နှစ်က သူတို့ ၏ အချစ်သဝဏ်လွှာ လေးတွေ မြှုပ်နှံထားသည့် နေရာသို့ရောက်နေကြသည်။

"ကိုကို့အတွက် ဆေးကျောင်းသားလေးက ပေးတဲ့ ရည်းစားစာ"

သူ့လက်ထဲ ရောက်လာသည့် လိပ်ထားသော စာရွက်လိပ်လေး။ အနည်းငယ် အိုဟောင်းသွားသည့် အသွင်ရှိနေပေမယ့် အရမ်းမဆိုးရွားသေး။

'ပိုးမခ ဆိုတဲ့ အမည်နာမလေး ကြားရရုံနဲ့တင် မောင့်စိတ်ကို ကြည်လင်စေတဲ့ ကိုကိုက မောင့်ရဲ့အကြည်ဓာတ်လေး။ ချင်းတောင်တန်း တွေမှာ အစပြုခဲ့တဲ့ မောင်တို့ချစ်ခြင်းတွေက ဘိန်းဘီ ပန်းတွေ ပွင့်နေသ၍ နှစ်တိုင်း အစဉ်မပြတ် ပွင့်တဲ့ သစ္စာရှိတဲ့ တောင်ဇလပ်တွေလို တည်မြဲနေဦးမယ် ဆိုတာ မောင်ယုံကြည်တယ်'

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now