အပိုင်း[၁၅]

14.1K 850 24
                                    

Unicode 🩺

"အဆုလဲ သဘောကျတယ် ကိုခန့်ကို"

"တကယ်လား အဆု။ ကျေးဇူးတင်ပါတယ်"

မင်းခန့်ထည် သဘောကျရသည့် အဆုဆီမှ အဖြေရသော်ငြား ခန့် ထင်ထားသလောက်မပျော်ပေ။ ဘာလို့မှန်းတော့ ခန့်ကိုယ်တိုင်လဲ မသိ။

"မှုံ..ငါနဲ့ အဆု ရည်းစားဖြစ်သွားပြီ"

မှုံတို့ ကိုခရီးမသွားခင် နားရက်ပေးထားသည့်အတွက် မှုံ အိမ်မှာဘဲရှိနေသည်။ ခန့်က မနက်စောစော မှုံ့ဆီလာပြီး ပြောပြခြင်း။

"ဪ..မြန်သား"

"ဘာလဲ နင်က ကြိုသိနေသလိုဘဲ"

"ငါက အဆုရဲ့အစ်မပါ ခန့်ရယ်။၊ အဆုငါ့ကို တိုင်ပင်ပါတယ်"

"အင်း အင်း"

မှုံ အကဲခတ်ကကြည့်လိုက်တော့ ခန့်မျက်ဝန်းတွေက တစ်ခုခုကို စိတ်ရှုပ်နေသယောင်ယောင်။

* ဟူးခန့်ရယ် နင့်ကိုယ်နင်ဝန်မခံနိုင်တော့လည်း ခက်သား*

ခဏအကြာမှာတော့ ခန့် လည်းပြန်သွားသည်။ မှုံ ဒီနေ့ ရင်ထဲ ဟာတာတာဖြစ်နေသည်။ တစ်စုံတစ်ယောက်ကို လွမ်းနေသလို၊ သူချစ်တဲ့တစ်ယောက်ယောက်က သူ့ အသည်းခွဲသွားသလိုခံစားနေရသည်။ အမှန်တော့မှုံ ညက ဖတ်သည့် SE ဖြစ်နေမှန်း သိသည့် Fiction ကို မှုံဖတ်မိလေသောကြောင့်။ မှုံ ဝမ်းနည်းရတာတွေ သိပ်မကြိုက် ၊ဒါမယ့်ဒီ Fiction လေးကိုတော့ ဖတ်မိသည်။ ဖတ်မိသည့်အပြင် မှုံက Fiction ထဲ ဇာတ်ကောင်ကို ချစ်မိသည်။

မှုံ မချစ်ဖူးပါ ။ မချစ်ရဲတာဆို ပိုမှန်ပါလိမ့်မည်။ မှုံ့ရဲ့ မသိစိတ်က ချစ်ရမှာကို ကြောက်နေသည်။ ချစ်မိလျှင် နာကျင်ရမည်ကို စိုးကြောက်နေ၍ မှုံ စိတ်အစုံကို LGBT နှင့် ပတ်သက်သော Fiction, Series တွေကိုသာ ကြည့်ရင်း အနီးအနားက real couple လေးတွေကို supporting ပေးနေရင်းသာ ကုန်ဆုံးနေသည်မှာ နှစ်မည်မျှ ကြာနေပြီလည်း မှုံသတိမထားမိတော့။ တစ်ခါတလေ တော့လည်း မှုံ ချစ်ချင်ပါသေးသည်။ သို့သော် မှုံ ကြောက်သည်။

ဖုန်းသံကြောင့် မှုံ အတွေးနယ်ထဲက ပြန်ထွက်လာသည်။ နံပါတ်စိမ်းဖြစ်နေသော်လည်း မှုံကတော့ ဖုန်းကိုင်ရသည်။ ဘာလို့ဆို...

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now