Unicode 🩺
ခန့် ဘယ်သွားမလို့လဲ"
*ကျစ်! လာပြန်ပြီ။ ဘာလို့ငါ့ကိုတွယ်ကပ်နေတာလဲ*
"ဘာဖြစ်လို့လဲ အလုပ်ကျန်သေးလို့လား ဆရာ"
"ကိုယ် နဲ့တူတူ အိမ်ပြန်ရအောင်"
"ကျွန်တော် သွားစရာရှိသေးတယ် ခွင့်ပြုပါဦး"
မင်းခန့်ထည် ဘာမှဆက်မပြောတော့ဘဲ ကားမောင်းပြီးထွက်လာခဲ့တော့သည်။
*ခန့်က ဘာတွေအလျင်လိုနေတာလဲ*
ပိုးမခ အိမ်မပြန်ဘဲ ခန့်သွားတဲ့ နေရာ နောက်လိုက်ခဲ့တော့...လေဆိပ်။ ခန့်က Toilet ထဲအရင်ဝင်သွားပြီး ပြန်ထွက်လာတော့ အင်္ကျီလဲပြီးသားသပ်သပ်ရပ်ရပ်ဖြင့်
*ဘာလို့ ခန့်က ပဲများနေတာလဲ။ ဒီကောင်ရူးနေတာလား အစောတည်းကဒီလောက် ကြည့်ကောင်းနေတာကို*
ပိုးမခ ခပ်တည်တည်ဖြင့် ထိုကောင်လေးနောက်မှလိုက်လာသည်။ မင်းခန့်ထည် စိတ်ထဲတွင်တော့
*ဒီလူကဘာလို့နောက်ကလိုက်နေတာလဲ စိတ်ရှုပ်ဖို့ကောင်းလိုက်တာကွာ*
"ကိုခန့်!!!!"
ပိုးမခ လိုက်ကြည့်နေတုန်း ခန့်နာမည်ခေါ်သံကြောင့်လှမ်းကြည့်မိတော့ ကလေးမလေးတစ်ယောက် ဆံပင်ကိုစုစည်းထားပြီး ဝတ်ပုံစားပုံကို သေချာကြည့်လိုက်မိတော့ *အင်းးထိုင်းနဲ့နည်းနည်းဆင်တယ်*
"အဆု!!"
မင်းခန့်ထည် သူ့မျက်စိရှေ့ရောက်လာသော ကောင်မလေးကိုကြည့်တော့ အရင်လို ဆံပင်အတို နဲ့ ဂျေဂျေကာတွန်းဘောင်းဘီသာဝတ်သည့်ကောင်မလေးမဟုတ်တော့ဘဲ ဆံပင်လေးကလဲရှည်လာနေပြီ ဝတ်ပုံစားပုံကလဲ ပိုပြီး စမတ်ကျလာသည်။ မပြောင်းလဲတာဆိုလို့ ဒီကောင်မလေးရဲ့ မျက်လုံးလေးဘဲ ငယ်ငယ်ကလို ဝိုင်းနေသောမျက်ဝန်းနက်လေးများ။
"အန်တီတို့ကော"
"နောက်မှာပါတယ် အဆုက ကိုခန့်ကိုအရင်တွေ့ချင်လို့ ပြေးလာတာ"
"ဒီကောင်မလေးကတော့"
အဆုတို့ မိသားစုကို သူတို့နေမယ့် အိမ်ဆီလိုက်ပို့ပေးပြီး ညစာတူတူစားပြီးနောက် အဆုနဲ့တူတူ ခြံထဲထိုင်စကားပြောနေသည်။
![](https://img.wattpad.com/cover/272967807-288-k678727.jpg)
DU LIEST GERADE
မောင်က ငါ့အပိုင် / ေမာင္က ငါ့အပိုင္(Completed)