အပိုင်း[၁၀]

14.3K 885 32
                                    

Unicode 🩺

Ti~Ti

"သားငယ် နိုးနေပြီလား။ ဒီမှာမင်းသူငယ်ချင်းလားမသိဘူး ရောက်နေတယ်"

"အင်း...ဟုတ် မေမေ သားလာပြီ"

မင်းခန့်ထည် အိပ်ချင်မူးတူးဖြင့် အိပ်ရာမှ ထလာပြီး

*ဒီချိန်ဘယ်သူများ လာတာလဲ နောင်နောင်လား။ နောင်လေးဆိုလဲ မေမေကသိပါတယ်*

"Morning ခန့်"

"ဟင်.."

"အခုမှနိုးတာလား။ ရတယ် ကိုယ်စောင့်နေမယ် အေးဆေးလုပ်"

"ဪ အင်း"

"သားငယ် မင်းသူငယ်ချင်းကို အခန်းထဲ ခေါ်သွားလိုက်လေ။ ဒီကသားလေး.."

"ပိုးမခ ပါခင်ဗျ။ ခခ လို့ခေါ်လို့ရပါတယ်"

"ချစ်စရာလေးကွယ် ခခ ကိုယ့်အိမ်လို သဘောထားနော်"

"ဟို..အပေါ်လိုက်ခဲ့"

ပိုးမခ အပေါ်ထပ် သို့လိုက်သွားသည်။ ခန့်တို့ အိမ်သည် နွေးထွေးငြိမ်းချမ်းသည့် နေရာလေးတစ်ခုလိုပင်။ ပိုးမခ တို့အိမ်လို အစေခံတွေ တန်ဖိုးကြီး ပစ္စည်းတွေ မရှိပေမယ့် ခန့်တို့ အိမ်လေးက နွေးထွေးပြီး ပျော်ရွှင်ဖွယ်ကောင်းသည့် သဘောကိုဆောင်သည်။ ပိုးမခ ရောက်သည့် မနက် အစောကြီးတွင် ခန့် မေမေက မီးဖိုချောင်ထဲ ဝင်ချက်ပြုတ်နေပြီး တစ်အိမ်လုံးမွှေးရနံ့လေးတွေ သင်းနေသည်။ ခန့်ဖေဖေ ကတော့ မနက်ခင်း လမ်းလျှောက်ထွက်သည်ဟု သိရသည်။

"ခန့် ကိုယ် လာခေါ်မယ်ဆိုတာ မေ့နေတာလား"

"မေ့စရာလား ခင်ဗျား လာတဲ့ အချိန်လဲ ကြည့်ဦး"

ခန့်ပြောမှ လက်က နာရီကြည့်မိတော့ မနက် (၆)နာရီ။

"ခန့် အိပ်ချင်နေသေးလား"

"တော်ပါပြီ ဒီမှာ ခဏထိုင်စောင့် ရေချိုးလိုက်ဦးမယ်"

ခန့်က ပြောရင်းဆိုရင်း သူ့ရဲ့ T-shirt လေးကိုချွတ်ကာ ပုဆိုးတစ်ထည်ယူပြီး အခန်းပြင်သို့ ထွက်သွားသည်။ ခန့်ထွက်သွားသော်လည်း ရင်ခုန် ကျန်ရစ်သူမှာ ပိုးမခပင်။

"ဒီကောင်လေး ငါ့ကို မြူဆွယ်သွားတယ်။ ဟူး...ငါကလဲဘာလို့ရင်တွေခုန်"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now