အပိုင်း[၁၃]

12.5K 810 8
                                    

Unicode 🩺

"ငါပြန်ပြီနော် ခန့်ခန့်"

ဆရာတည်ကြည်ဟိန်းရဲ့ ကားပေါ်သို့ ရန်လင်းနောင်တက်သွားပြီးနောက် ကားလေးက တငြိမ့်ငြိမ့်ထွက်သွားသည်။ ကျန်ရစ်ခဲ့သူ ခန့်ကတော့ အတွေးတွေရှုပ်စဲ။

"ငါဘာလို့ တနေကုန် မတွေ့ရသေးတာလဲ။ နေများမကောင်းလို့လား..မဟုတ်မှ တစ်ခုခုဖြစ်နေတာများလား....OMG ငါဘာလို့တွေးနေတာလဲ သူ့ဘာသာ မလာတာ မလာနဲ့ပေါ့..မင်းခန့်ထည် မင်းခန့်ထည် မင်းစိတ် တည်ငြိမ်စမ်း"

ခန့် ခေါင်းကိုရှင်းလိုက်ပြီး အချိန်ပိုင်း အလုပ်ဝင်ရန် ဆိုင်သို့လာခဲ့သည်။ အရင်ရက်တွေ မအားလို့ အလုပ်ချိန်တွေ လျှော့ထားခဲ့သောကြောင့် ခန့် လစာနည်းသွားသည်။ ဒီအရွယ်ကြီးအိမ်ကိုလဲ လက်ဖြန့်မတောင်းချင်တော့။

                               *****

" Project မှာ ကျွန်တော်တို့ကို ပူးပေါင်းပါဝင်ခွင့်ပေးလို့ကျေးဇူးပါ ပိုး"

"ကျွန်တော့်အတွက် အကျိုးအမြတ်များလို့လုပ်တာပါ။ ကျေးဇူးတင်စရာမလိုပါဘူး"

"ဒါနဲ့ ပိုး အိမ်ပြန်တော့မှာလား"

ပိုးမခ ဘာလဲ ဟူသော သဘောဖြင့် မျက်ခုံးပင့်ပြလိုက်တော့

"Project ပူးပေါင်းတဲ့ အနေနဲ့ ညစာ ကျွန်တော် လိုက်ကျွေးချင်လို့ပါ"

"ညစာတော့ အဆင်မပြေဘူး။  မုန့်လောက်တော့ပြေတယ်"

"Okay လေ ပိုးဘယ်မှာစားချင်လဲ"

ပိုးမခ တစ်နေ့လုံး အလုပ်ရှုပ်နေသဖြင့် အမောပြေဆေးလေးကို ခုထိမတွေ့ရသေး။ ယခုလည်း ငြင်းလို့အဆင်မပြေသောကြောင့် ခန့်ရှိတဲ့ နေရာသို့ ရွေးလိုက်သည်။

"ပိုး တကယ်ဒါနဲ့ ဝလို့လား"

"ကျွန်တော် အစားမကြီးဘူး"

မီးလျှံသစ် သူ့ရှေ့မှ ဟိုရှာဒီရှာလုပ်နေသော လူကြီးလေးကို အသည်းယားလွန်းသည်။ ဒီနေ့က မီးလျှံသစ်အတွက်တော့ နေ့ထူးနေ့မြတ်ပင်။ ချစ်ရတဲ့ ပိုးလေးကို တစ်နေကုန်တွေ့ရသည့်အပြင် ယခုလည်း မုန့်တူတူ စားနေရသည်လေ။

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now