အပိုင်း[၄]

16.2K 1K 26
                                    

Unicode🩺

"အစ်ကို!! ညီမနဲ့..တွဲရအောင်!!"

အလုပ်ဆင်းကာ အိမ်ပြန်ရန်အတွက်ကားဆီသို့လာစဉ် ကားပါကင်ထဲမှကြားလိုက်ရသော အသံကြောင့် ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်က ဖွင့်ပြောနေခြင်း။ကောင်မလေးကတော့ ကျောပေးထား၍ ခန့် မမြင်ရ။ ဒါပေမဲ့ တစ်ဖက်လူကတော့ ဟိုပိုးမခ ဆိုသည့်လူဖြစ်သည်ကိုတော့ ခန့်သိလိုက်သည်။

"ညီမ. အစ်ကို့ ကို ကြိုက်"

"ဘယ်လိုလုပ်မလဲ အခု ကိုယ်ကကောင်မလေးနဲ့ချိန်းထားတာ"

"ရှင်!."

ထိုစဉ်ဒေါက်ဖိနပ်သံကားကျယ်ကျယ်က ကားပါကင်ထဲ ပျံ့နှံ့လာသည်။

"Baby..!"

"စောင့်လိုက်ရလား"

"ဘေဘီ့အတွက်ဆိုစောင့်နိုင်တယ်"

ပြောရင်းနဲ့ပင် ထိုမိန်းကလေးက ပိုးမခလည်ပင်းကိုဖက်ထားရင်း

"ဒီမယ် ကလေးမ! ဘေဘီ့မှာတို့ရှိပြီသား"

"ဟင့်!!"

ကောင်မလေးကလှည့်ပြီးထွက်ပြေးတော့မှ ထိုကလေးမက ခန့် guide သင်ခဲ့ဖူးတဲ့ ကောင်မလေးမှန်း ခန့် မှတ်မိလိုက်သည်။

"လွှတ်တော့!"

"ဘေဘီကလဲကွာ တို့ကူညီပေးထားရတာကို"

"ကူညီခိုင်းလို့လား"

"ဟက်!ဘေဘီကအဆိုးလေးပဲ"

"ဒီနေ့မင်းကို ချိန်းတာ ငါနဲ့မင်းကိစ္စပြီးပြီဆိုတာပြောချင်လို့"

"ဘာ!! ပိုးမခ!! မင်း ငါ့ကို ဒီလိုအချိုးမျိုးနဲ့ပစ်တယ်!မင်း!"

*မုန်းဖို့ကောင်းလိုက်တဲ့လူ*

မင်းခန့်ထည်လဲ စပ်စုစရာရှိတာစပ်စုပြီး ကားထဲဝင်ကာ အိမ်ပြန်ဖို့ပြင်တော့သည်။

*ဟို မှုံစပ်စုစိန်အမှောင််မနဲ့ ပေါင်းပြီး ငါပါစပ်စုတတ်နေပြီ*

                           *****

"ငါစုံစမ်းထားတာ ဒီဆိုင်ပါ။ ဘာလို့မတွေ့တာလဲ"

"ဒီက အစ်ကိုလေး ဘာများအလိုရှိသေးလို့လဲခင်ဗျ"

"မင်းတို့အချိန်ပိုင်းဝန်ထမ်းထဲက မင်းခန့်ထည် ကော"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now