အပိုင်း[၁၈]

15.2K 889 62
                                    

Unicode🩺

လေယာဉ်သည် ကလေးလွင်ပြင်သို့ ဆိုက်ရောက်လာသည်။ မြေပြန့်ဒေသနှင့် ကွာခြားစွာ လေယာဉ်ပေါ်က ဆင်းသည်နှင့် အအေးဓာတ်ပိုလာသည်။ လေဆိပ် အပြင်တွင် ကားများက အသင့်စောင့်ကြိုနေကြသည်။ တောင်ပေါ်လမ်းများဖြစ်သည့်အတွက် ကားကြီးဖြင့်သွားလျှင် အန္တရာယ်များသောကြောင့် အဖွဲ့တစ်ဖွဲ့လျှင် ကားတစ်စီး စီစဉ်ထားကြသည်။ ကျောင်းသားများသည် ကိုယ့်အဖွဲ့ခေါင်းဆောင် များစီသွားပြီး ကိုယ့်အဖွဲ့နဲ့ကိုယ် စုနေကြလေပြီ။

"ကိုဟိန်း ကားပေါ်တက်လို့မရသေးဘူးလား"

တည်ကြည်ဟိန်း လူစောင့်ပေးနေတုန်း တုန်ယင်သည့်အသံလေးဖြင့် နောင်လေးက အနားကပ်လာပြောသည်။ ဒီကလေးချမ်းလွန်း၍ တုန်နေသည်။

"အေးနေပြီလား တက်နှင့် ပထမတန်းမှာထိုင်၊ စောင်တွေ တင်ပေးထားတယ် ခြုံပြီးနားနေလိုက်"

ရန်လင်းနောင် ကားပေါ် မြန်မြန်တက်ပြီး ကွေးနေရသည်။ အအေးကြောက်သည့် သူနဲ့တော့ ချင်းပြည်နယ် ရာသီဥတုနှင့် တွေ့ပြီ။ လာသည့် အချိန်သည်လည်း ဒီဇင်ဘာလကုန် ဇန်နဝါရီလ အချိန်လေးပင်။ တောင်ပေါ် မဟုတ်သေးသည့် ကလေးမြို့တောင် ဒီလောက်အေးနေတာ တောင်တန်းတွေပေါ်မှာ နောင်လေး ခဲနေလောက်ပြီ။ ဒုက္ခပါဘဲ။

"လူစုံပြီလား.! ကားပေါ်တက်တော့ အစီအစဉ်ကို ကားပေါ်ရောက်မှ ဆရာတွေ ဆက်ပြောပြလိမ့်မယ်"

ကားအသီးသီးဖြင့် လေဆိပ်မှ ထွက်ခွါလာကြသည်။ မင်းခန့်ထည် အကြံဆိုးဖြင့် ဆရာပိုးမခ ထိုင်မည့် ခုံဘေး ဝင်ထိုင်လိုက်သည်။ ပိုးမခ လည်း ဘာမှမပြောဘဲ ဘေးဝင်ထိုင်ပြီးနောက်

"အခု ဖလမ်းကိုသွားနေတာ၊ လမ်းမှာ ခရီးတစ်ထောက်နား နေ့လည်စာ ရှိမယ်။ ဖလမ်းကို ညနေလောက်မှရောက်မှာ။ ဒီည ဖလမ်းမှာ အိပ်ပြီး မနက်ဖြန်မှ ခရီးဆက်ကြမယ်။"

လိုရင်းတိုရှင်းပြောကာ ပြန်ထိုင်နေသော ပိုးမခ။ ကားလေးသည် တိတ်ဆိတ်စွာ။

"ဆရာလေး..! သီချင်းဖွင့်ထားမယ်ဗျာ"

"အဆင်ပြေသလိုလုပ်ပါ"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now