အပိုင်း[၁၉]

15K 890 13
                                    

Unicode🩺

"ကိုကို..ကိုကို..ထတော့လေ"

"အမ်..အင်းးး"

မင်းခန့်ထည် စောင်ပုံကြားထဲ ငုတ်တုတ်ထိုင်နေပြီး ပြန်ငိုက်နေသည့် သူ့ကိုကိုအားကြည့်ပြီး အသည်းယားနေသည်။ ဆံပင်စုတ်ဖွားလေးနှင့် ပြည့်ဖောင်းနေသော မျက်နှာလေးက ချစ်စရာလေး။ သူအရင်က ဒီလူကြီးချစ်ဖို့ကောင်းတာ ဘာလို့မမြင်မိပါလိမ့်။

"ကိုကို..ကိုကို..ရေနွေးစပ်ပေးထားတယ် ရေချိုးတော့"

ပိုးမခ အိပ်ချင်မူးတူးဖြင့် စောင်ကြီး တရွတ်တိုက်ဆွဲကာ သွားနေသည်။

ဒုန်း!!!

"ကိုကို.!!"

အိပ်ချင်းမူးတူးသွားသောကြောင့် စောင်ကိုပြန်နင်းမိကာ ချော်လဲခြင်း။ ကြမ်းပြင်ပေါ်သို့မကျ။ မောင့်ရဲ့ ရင်ခွင်ထဲသို့သာ မြုပ်သွားသည်။ အိပ်ချင်တာတောင် ကြက်ပျောက်ငှက်ပျောက်။

"ဖယ်.!ဖယ်တော့"

မင်းခန့်ထည်ကို တွန်းထုတ်ပြီး ရေချိုးခန်းထဲသို့ပြေးဝင်သွားသည်။ ကျန်ခဲ့တော့ မင်းခန့်ထည်ကတော့ ပြုံးပြုံးကြီးကျန်နေခဲ့။

ပိုးမခတို့ မနက်အစောကြီး ရိဒ်ရေကန်သို့ ထွက်လာကြသည်။ အေးမြသော မနက်ခင်း၌ မြူခိုးများက ကန်ရေပြင်တွင် လွမ်းမောဖွယ်တည်ရှိနေသည်။

ကျောင်းသားများက ဓာတ်ပုံရိုက်သူရိုက်နှင့် များနေသောကြောင့် လူရှုပ်တာ မကြိုက်သည့် ပိုးမခ ဝေးရာသို့ လာပြီး ကန်ရေပြင်အား ငေးနေတုန်း နောက်ကနေ လာဖက်ပြီး ပိုးမခ ကိုယ်လေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းသူ။

"ကိုကို အေးနေမှာစိုးလို့"

"မင်း.!! တခြားလူတွေတွေ့သွားမယ်လေ"

"ဟိုးဘက်မှာလေ ကိုကိုရယ်"

"မင်း..ဘာဖြစ်နေတာလဲ"

"ကိုကို ကျွန်တော် ပြောစရာရှိတယ်။ ကျွန်တော့်ရဲ့မရင့်ကျက်မှုတွေ ကိုယ့်ကိုယ်ကိုယ် နားမလည်ပေးနိုင်မှုတွေက ကိုကို့ကို ဝမ်းနည်းစေခဲ့မိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ကျွန်တော် ကိုကို့ကိုချစ်တယ်ကိုကို။ ကျွန်တော့်အချစ်ကို လက်ခံပေးပါ"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Donde viven las historias. Descúbrelo ahora