အပိုင်း[၁၂]

12.4K 808 19
                                    

Unicode 🩺

"ဟိုမှာ သားခန့်ဆင်းလာပြီ"

ခန့် လှေကားမှဆင်းလာတုန်း မေမေပြောလိုက်သည့် အသံကြောင့်ကြည့်မိတော့ မတွေ့တာကြာပြီဖြစ်တဲ့ မှုံနံ့သာလှိုင်။

"ဟုတ်သားဘဲ ဒီနေ့ ကျောင်းသွားရမှာမို့လား။ ဘာလဲ ငါနဲ့ ကပ်လိုက်မလို့လား"

"ဟုတ်တယ် လေ။ ခန့်ကလည်း အိမ်မှာ လိုက်ပို့မယ့်လူမရှိလို့ နော် ချင်းဂုလေး"

"အဲ့ရုပ်ကြီးမလုပ်ပြစမ်းပါနဲ့ မိမှုံရယ်။ ကျောင်းကလူတွေနင့်ကိုဘာကြည့်ပြီး Queen ရွေးလိုက်လဲ ငါတကယ်မသိတော့ဘူး"

"ခန့်နော်!"

"ဒီမောင်နှမနှစ်ယောက် စ,နေကြပြန်ပြီ"

"တီအုန်းရယ် အဲ့ကောင် ခန့်ပေါ့ ဟွန့်"

မှုံ မျက်စောင်းထိုးတော့ ခန့်က ပြန်တောင် ပြောင်ပြလိုက်သေးသည်။

"သားတို့ ဒီနေ့ကျောင်းသွားမှာလား"

"ဟုတ်တယ် မေမေ"

"သားတို့ နယ်တွေဘက် ဆင်းရမယ်ဆို။ ဘယ်ကိုသွားရမယ်ပြောလဲ"

"သားလည်း မသိသေးဘူး မေမေ။ သိရင်ပြောပြမယ်လေ"

"အေး အေးသား။ အဆုလေးကိုခေါ်ပြီး (၃)ယောက် အိမ်ကိုလာဦး"

"ဟုတ် ကဲ့ တီအုန်း သမီးတို့လာခဲ့မယ်ရှင့် သွားပြီနော်"

"လမ်းမှာ ရန်မဖြစ်ကြနဲ့ဦးနော်"

"ဟုတ်!!!"(ပြိုင်တူ)

ခန့်နှင့် မှုံ ကျောင်းသို့ လာသည့် လမ်းတစ်လျှောက်....

"ခန့် နင်နဲ့ ဆရာပိုးမခ ဘာဖြစ်သွားပြီလဲ"

"ဘာမှမဖြစ်ပါဘူး ဘာဖြစ်ရမှာလဲ"

"ဪ နင်ဆရာ့ကိုလုံးဝမကြိုက်ဘူးလား"

"အေး မကြိုက်ဘူး"

မကြိုက်ဘူးသာပြောတာ ခန့်မျက်ဝန်းထဲက အချစ်ရိပ်ကြည်နူးမှုတွေကို မှုံ ကောင်းကောင်းတွေ့နေရသည်။

"မှုံ...ငါအဆုကိုသဘောကျတယ်"

"ဟမ်!!!!"

"နင်ကလည်း ဖြည်းဖြည်းအော်စမ်းပါ ဘယ်လိုဖြစ်"

မောင်က ငါ့အပိုင် / မောင်က ငါ့အပိုင်(Completed)Where stories live. Discover now